၃၀ ဧပြီ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါအတွက် တရုတ်နိုင်ငံအနေဖြင့် တာဝန်ခံရန်နှင့် သတင်းအချက်အလက်များ ပိုမိုပေးအပ်ရန် လိုအပ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ပြောကြားခဲ့သည်။

 

တရုတ်နိုင်ငံတွင် ကပ်ရောဂါကိုင်တွယ်မှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံအား ပွန်ပီယိုက ဝေဖန်ပြစ်တင်လျက်ရှိသည်။

 

တရုတ်နိုင်ငံမှ ဗိုင်းရပ်စ်ထွက်ပေါ်လာခဲ့ခြင်းမှာ ပထမဆုံးအကြိမ် မဟုတ်ကြောင်းနှင့်  တရုတ်နိုင်ငံ အနေဖြင့် ယုံကြည်စိတ်ချရသည့် မိတ်ဖက်နိုင်ငံဖြစ်လိုပါက ကမ္ဘာ့နိုင်ငံများကို သတင်းအချက်အလက်များ မျှဝေရန် တာဝန်ရှိကြောင်း ပွန်ပီယိုက ဧပြီလ ၂၉ ရက်တွင် သတင်းထောက်များသို့ ပြောကြားခဲ့သည်။

 

ဝူဟန်ရှိ ရောဂါဗေဒဌာနမှ သတင်းအချက်အလက်များ ရယူရန် ၎င်းက တောင်းဆိုခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါဖြစ်ပွားခဲ့မှုသည် ဝူဟန်တွင် အစပြုခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

 

တရုတ်နိုင်ငံမှ တာဝန်ရှိသူများက ကိုရိုနာဗိုင်းရပ်စ်အား တားဆီးရန် ပျက်ကွက်ခဲ့ပြီး ကမ္ဘာပေါ်တွင် ဗိုင်းရပ်စ်ပျံ့နှံ့စေခဲ့မှုအတွက် ဝေဖန်ခဲ့ပြီး တရုတ်နိုင်ငံအနေဖြင့် တာဝန်ခံရပ်လိုအပ်ကြောင်း Fox TV အစီအစဉ်နှင့် တွေ့ဆုံခဲ့သည့် အစီအစဉ်တွင် ပွန်ပီယိုက ပြောကြားခဲ့သည်။

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်