၉ အောက်တိုဘာ
ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ် အတွင်းမှာ လူပေါင်း ၁၁၅ သန်း ဟာ ဆင်းဆင်းရဲရဲ အသက်ရှင်နေထိုင်နေရကြောင်း ကမ္ဘာ့ဘဏ်က သတိပေးထုတ်ပြန်လိုက်ပါတယ်။
ဆယ်စုနှစ်နဲ့ချီပြီး တိုးတက်မှုရှိနေရာကနေ ကပ်ရောဂါကြောင့် နောက်ပြန်ဆွဲသွားမျိုး ဖြစ်သွားခဲ့ပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ ကပ်ရောဂါကြောင့် ဖြစ်လာနိုင်တဲ့ အခြေအနေဟာ အရင်ကခန့်မှန်းထားတဲ့ အခြေအနေထက် ပိုဆိုးကြောင်း၊ အထူးသဖြင့်ဩဂုတ်လဟာ အဆိုးဆုံးဖြစ်ခဲ့ပြီး လူဦးရေ သန်း ၁၀၀ ကို အဆိုးဆုံးအခြေအနေကို တွန်းပို့သလို ဖြစ်သွားခဲ့ကြောင်း ကမ္ဘာ့ဘဏ်ရဲ့ ဗုဒ္ဓဟူးနေ့ ထုတ်ပြန်ချက်မှာ ရှင်းလင်းပြထားပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ အသစ်ထုတ်ပြန်လိုက်တဲ့ သုတေသနအရ ၂၀၂၁ ခုနှစ်မှာ လူဦးရေ သန်း ၁၅၀ ဟာ တစ်နေ့ဝင်ငွေ အမေရိကန် ဒေါ်လာ ၁ ဒသမ ၉၀ အောက်သာ ရှိနိုင်တဲ့အတွက် ဆင်းဆင်းရဲရဲနေထိုင်ရနိုင်ကြောင်း ကမ္ဘာ့ဘဏ် ဉက္ကဋ္ဌာ က ဒေးဗစ် မား ပတ်က ပြောပါတယ်။
ကမ္ဘာ့ဆင်းရဲမွဲတေမှုကို ၇ ဒသမ ၉ ရာခိုင်နှုန်းအထိ လျော့ကျသွား လုပ်ဆောင်ခဲ့ပေမယ့် ကပ်ရောဂါကြောင့် ဆင်းရဲမွဲတေမှုဟာ ၉ ဒသမ ၄ ရာခိုင်နှုန်းအထိ တက်သွားတာကို တွေ့ရကြောင်း သိရပါတယ်။
ကပ်ရောဂါကြောင့် စီးပွားရေးလုပ်ငန်းတွေလှည်ပတ်မှု ရပ်တန့်ရခြင်းနဲ့ ရင်ဆိုင်ရတဲ့အတွက် ၂၀၂၀ ပြည့်နှစ်မှာ လူဦးရေ ၈၈ သန်း ကနေ ၁၁၅ သန်းအထိ ဆင်းရဲမွဲတေမှု အောက်မှာ နေထိုင်ရနိုင်ကြောင်း ခန့်မှန်းထားပါတယ်။
ဆင်းရဲမွဲတေခြင်း သတ်မှတ်မှု အောက်တွင် ကမ္ဘာ့လူဦးရေရဲ့ လေးပုံတစ်ပုံဟာ တစ်နေ့ဝင်ငွေ အမေရိကန်ဒေါ်လာ ၃ ဒသမ ၂၀ ရှိခြင်း နဲ့ ကမ္ဘာ့ လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်း တနည်းအားဖြင့်လူဦးရေ ၃ ဒသမ ၃ ဘီလီယံ ဟာ တစ်နေ့ဝင်ငွေ အမေရိကန်ဒေါ်လာ ၅ ဒသမ ၅၀ အောက်သာရရှိခြင်းတွေ ပါရှိပါတယ်။
ကမ္ဘာ့ ဆင်းရဲမွဲတေမှုရဲ့ အလယ်ဗဟိုဒေသဖြစ်တဲ့ ဆပ်ဆာဟာရ အာဖရိက ဒေသဟာ ကပ်ရောဂါကြောင့် ဆင်းရဲ မွဲတေမှုအောက်မှာ နေထိုင်ရတဲ့ လူဦးရေထဲကို နောက်ထပ် သန်း ၄၀ ပေါင်း ထည့်လိုက်တာမျိုး ဖြစ်လာကြောင်းနဲ့ လာမယ့် နှစ်မှာ လူဦးရေ သန်း ၅၀၀ သန်းအထိ ဆင်းရဲစွာနေထိုင်ရှင်သန်ရ နိုင်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရာသီဉတု ပြောင်းလဲမှုကြောင့် ၂၀၃၀ ခုနှစ်အရောက်မှာ လူဦးရေ ၆၈ သန်းကနေ ၁၃၅ သန်းအထိ ဆင်းရဲမွဲတေမှုအောက်မှာ နေထိုင်ရနိုင်ကြောင်း၊ အဲဒီအချိန်မှာလည်း ဆပ် ဆာဟာရ အာဖရိက ဒေသဟာ စိုးရိမ်စရာကောင်းတဲ့အခြေအနေမှာရှိနေမှာ ဖြစ်ပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ ကမ္ဘာ့ ကပ်ရောဂါကြောင့် လက်တင်အမေရိကနိုင်ငံတွေမှာ ဆင်းရဲမွဲတေမှု စာရင်းမှာ ၅ သန်း တိုးလာနိုင်ခြင်း၊ အရှေ့အာရှနိုင်ငံတွေမှာ ၉ သန်း တိုးလာနိုင်ခြင်း ပါရှိပေမယ့် အိန္ဒိယနိုင်ငံရဲ့ ဒေတာ အချက်အလက် မရတဲ့အတွက် တောင်အာရှဟာ ထုတ်ပြန်ချက်မှာ မပါရှိတာကို တွေ့ရပါတယ်။
MDN
ကိုးကား - AFP