၃၀ဧပြီ

 

အမေရိကန်နိုင်ငံမှာ လုပ်သား . သန်းဟာ အလုပ်လက်မဲ့ထောက်ပံကြေးငွေကို ပြီးခဲ့တဲ့ သီတင်း ပတ်က တောင်းခံခဲ့ရာ သီတင်းခြောက်ပတ်အတွင်း အလုပ်လက်မဲ့ ဦးရေ သန်း ၃၀ ကျော်သွား ပြီ ဖြစ်ကြောင်း အလုပ်သမားဌာနက ဒီကနေ့ (ကြာသပတေးနေ့) မှာ ထုတ်ပြန်လိုက်ပါတယ်။

 

‌ေ်‌ျေ်

 

ဧပြီ ၂၅ ရက် ရုံးပိတ်ရက်အတွင်း အလုပ်လက်မဲ့ထောက်ပံ့ကြေးငွေ တောင်းခံသူ ဉီးရေ ကျဆင်းခဲ့ပေမယ့် ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ ,၈၃၉,၀၀၀ ဦး ရှိကြောင်း သိရပါတယ်။

ကုန်သွယ်ရေးဌာနကနေ အမေရိကန်နိုင်ငံရဲ့ ပြည်တွင်းထုတ်ကုန်တန်ဖိုးဟာ ကပ်ရောဂါကြောင့် ၄. ရာခိုင်နှုန်း ပထမလေးလပတ်မှာ ကျဆင်းသွားကြောင်း ထုတ်ပြန်ပြီးနောက်တစ်ရက်မှာ အလုပ်လက်မဲ့ဦးရေ စာရင်းထွက်ပေါ်လာတာဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ် စီးပွားပျက်ကပ် နောက်ပိုင်းမှာ အခုထွက်ပေါ်လာတဲ့ ပထမလေးလပတ်အတွင်း ကျဆင်းသွား ပြည်တွင်းထုတ်ကုန်တန်ဖိုးဟာ အဆိုးရွားဆုံးကျဆင်း ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

 

်‌ေ်ျ

 

ကပ်ရောဂါစတင်ရိုက်ခတ်စဉ်က လုပ်သား ၃ သန်း အလုပ်လက်မဲ့ဖြစ်ခဲ့ကြောင်း မတ်လ ၂၁ ရက် အရောက်မှာ ၃.၃ သန်း ရှိခဲ့ပါတယ်။ မတ်လ ၂၈ ရက်မှတော့ အလုပ်လက်မဲ့  ၆.၈၇ သန်း အထိရှိခဲ့ပြီး ဧပြီ ၁၈ ရက်မှာ တော့ ၄.၄ သန်းအထိ ကျဆင်းခဲ့ပါတယ်။

 

ျ်ျ‌ေ်ထ

 

အလုပ်လက်မဲ့ ဉီးရေဟာ ဧပြီလမှာ အံ့အားသင့်လောက်အောင် များနိုင်ကြောင်း၊ ကပ်ရောဂါကြောင့် လုပ်ငန်းတွေ ရပ်ဆိုင်းထားတဲ့အတွက် စီးပွားရေးအပေါ် ရိုက်ခတ်မှု ရှိရာ လုပ်သားဈေးကွက်မှာ သိသာထင်ရှားစွာ လှုပ်ခတ်သွားနိုင်ကြောင်း High Frequency Economics ရဲ့ စီးပွားရေးသုတေသပညာရှင် ဖာရူးဂီက ပြောကြာပါတယ်။

 

ကပ်ရောဂါကြောင့် စီးပွားရေးလုပ်ငန်းတွေ ပိတ်ခဲ့ရတဲ့အတွက် စားသုံးသူတွေရဲ့ သုံးစွဲမှုဟာ . ရာခိုင်နှုန်း မတ်လအတွင်းမှာ ကျဆင်းခဲ့ကြောင်း ကုန်သွယ်ရေး ဌာနရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

MDN

ကိုးကား - AFP