ကပ်ရောဂါကြောင့် နယူးယောက်မှာ ကားအဟောင်းဈေးကွက်  ဝယ်လိုအားမြင့်တက်

၁၁ အောက်တိုဘာ

 

အမေရိကန်နိုင်ငံ နယူးယောက်မှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူများလားတဲ့ အများသုံးယာဉ်တွေ သုံးစွဲခြင်းကို ရှောင်ကြဉ်ရန်အတွက် မော်တော်ကားဝယ်သူ များပြားလာတာကို တွေ့ရပါတယ်။

 

နယူးယောက်မှာ ငါးနှစ်တာ နေထိုင်ခဲ့ပေမယ့် ကိုယ်ပိုင်ကားမလိုဘူးတဲ့ အသက် ၃၅ နှစ်အရွယ် ဂျူလီယံက အခုတော့ ကားတစ်စီးဝယ်ယူဖို့ လိုအပ်လာကြောင်းပြောပါတယ်။ သူ့မှာ ကလေး သုံးယောက်ရှိတဲ့အတွက် အများသုံးယာဉ်သုံးစွဲမှု ရှောင်ကြဉ်ရန်အတွက် ကားအဟောင်း ရောင်းတဲ့ဝက်ဆိုက်ကို လေ့လာနေကြောင်း ပြောပါတယ်။

 

နယူးယောက်မှာ ကားအသုံးပြုခြင်းဟာ ယာဉ်ကြောပိတ်ဆိုမှု့ကြောင့် မတွေးဝံ့တဲ့အရာဖြစ်ပေမယ့် အခုတော့ ကားဝယ်သူတွေ များလာကြောင်း သိရပါတယ်။

 

ကားအဟောင်း ဈေးကွယ်မှာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လ က ဝယ်လိုအား ၁၄၁.၃ ရာခိုင်နှုန်း ရှိပေမယ့် ဒီနှစ်ဩဂုတ်လမှာတော့ ၁၆၃ ဒသမ ၇ အထိ မြင့်တက်လာတယ်လို့ ဆိုပါတယ်။

 

ကားအဟောင်းရောင်းသူ ခရစ်က ဇွန်လဆန်းမှာ သူ့ရဲ့ ကားအရောင်းပြခန်းမှာ ကားအစီးအရေ ကုန်သလောက်နီးပါးဖြစ်သွားကြောင်း ၊ နှစ်သုံးဆယ် ရှိပြီဖြစ်တဲ့ သူ့စီပွားရေးလုပ်ငန်းမှာ တစ်ခါမှ အခုလို မဖြစ်ဘူးကြောင်း ပြောပါတယ်။

 

လွန်ခဲ့တဲ့ နှစ်နှစ်က ဒေါ်လာ ၅,၀၀၀ တန်ကား ဟာ အခုချိန်မှာ ၅,၅၀၀ ပေးနေကြောင်း ကားအရောင်းပြခန်းပိုင်ရှင် ခရစ်က ပြောပါတယ်။

 

MDN

ကိုးကား- AFP