၁၁ ဇွန်

 

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ဖြစ်ပွားနေစဉ်အတွင်း ပီရူးနိုင်ငံထွက်ကုန်ဖြစ်တဲ့ ချင်း (ဂျင်း) များ နိုင်ငံခြားကို တင်ပို့မှု သုံးဆအထိ ရှိလာကြောင်း ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ပြောကြားပါတယ်။ 

 

ပထမ လေးလပတ်အတွင် ချင်းတင်ပို့မှုက ၁၆၈ ရာခိုင်နှုန်း တိုးတက်လာကြောင်း ကုန်သွယ်ရေး ဝန်ကြီးဌာရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ပီရူးနိုင်ငံကနေ စပိန်၊ နယ်သာလန် နဲ့ အမေရိကန်နိုင်ငံများကို အများဆုံး တင်ပို့ရောင်းချရာ စပိန်နိုင်ငံကို ၂၀၁၉ ခုနှစ် ပထမ လေးလပတ်ကထက် ၅၀၀ ရာခိုင်နှုန်း များလာကြောင်း သိရပါတယ်။

 

ချင်းဟာ ဓာတ်တိုးဆန့်ကျင်သည့်ဓာတ် (Antioxidants) ကြွယ်ဝတဲ့အတွက် ကျန်းမာရေးအတွက် အကျိုးကျေးဇူးရရှိပါတယ်။ ကပ်ရောဂါကာလအတွင်းမှာ ချင်းကို သံပုရာရည်ရောပြီး လက်ဖက်ရည်အဖြစ် သောက်ခြင်းအားဖြင့် ကိုယ်ခံအားကောင်းမွန်တဲ့ သဘာဝဆေးအဖြစ် ဆိုရှယ်မီဒီယာပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုနေပါတယ်။ 

 

ကျွမ်းကျင်ပညာရှင်တွေကတော့ မီးဖိုချောင်ထဲက ဆေးဝါးတစ်ခုဖြစ်တဲ့ ချင်းက ကိုရိုနာဗိုင်းရပ်စ် ရောဂါကို ကုသပေးနိုင်ကြောင်း တိကျတဲ့ သက်သေမရှိကြောင်း ပြောပါတယ်။ 

 

ပီရူးနိုင်ငံတွင်းမှာတော့ တုပ်ကွေးနဲ့ အအေးမိရောဂါတွေကို ရိုးရာဆေးအဖြစ် ချင်းကို သုံးစွဲလေ့ရှိပါတယ်။ 

 

ပီးရုးနိုင်ငံဟာ ကမ္ဘာမှာ စတုတ္ထမြောက် ချင်းတင်ပို့တဲ့နိုင်ငံအဖြစ် တရုတ်၊ ထိုင်း နဲ့ အိန္ဒိယနိုင်ငံတွေရဲ့ နောက်မှာ ရှိနေပါတယ်။ 

 

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၂၀၈,၀၀၀ ဦးရှိပြီး သေဆုံးသူ ၅,၉၀၀ ဦးရှိကြောင်း သိရပါတယ်။ 

 

MDN
ကိုးကား - AFP