၂၄ ဇွန်

 

 

မွန်ဂိုလီးယားနိုင်ငံမှာ အထွေထွေ ရွေးကောက်ပွဲကို ကိုရိုနာဗိုင်းရပ်စ်ပိုး ထိန်းချုပ်ရေး အစီအမံတွေနဲ့ ဒီနေ့(ဗုဒ္ဓဟူးနေ့)မှာ ကျင်းပနေပါတယ်။ အခုကျင်းပတဲ့ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းသင့်ကြောင်း အငြင်းပွားမှုတွေ ရှိနေပေမယ့် ဒီနေ့မနက် အစောပိုင်းမှာ မဲရုံတွေ ဖွင့်လှစ်ခဲ့ပါတယ်။

 

 

မဲပေးဖို့လာသူတွေကို တစ်ဦးနဲ့တစ်ဦး နှစ်မီတာ အကွာစီမှာ နေစေပြီး မဲရုံပေါက်ဝမှာ ကျန်းမာရေး ဝန်ထမ်းတွေက ကိုယ်အပူချိန်တိုင်းခြင်း၊ လက်ဆေးဆေးရည်နဲ့ မျက်နှာဖုံးပေးတာတွေ ပြုလုပ်သလို မဲလက်မှတ်ကို ဖြည့်ရာတွင် အသုံးပြုရန်အတွက် တစ်ခါသုံး ပလတ်စတစ်လက်အိတ်တွေပါ ပေးခဲ့ကြောင်း သိရပါတယ်။

 

 

လူဦးရေ သုံးသန်း နေထိုင်တဲ့ အရှေ့အာရှ ကုန်းတွင်းပိတ်နိုင်ငံရဲ့ မြို့တော် အူလန်ဘတ်တာမှာ နေထိုင်တဲ့ အသက် ၇၁ နှစ် အမျိုးသမီးကြီးက မဲရုံမှာ ပထမဦးဆုံး မဲလာပေးစဉ် ကပ်ရောဂါ ဖြစ်ပွားနေပေမယ့် တခြားနိုင်ငံတွေလို ရွေးကောက်ပွဲ ပြုလုပ်ပေးတာဟာ မှန်ကန်ကြောင်း ပြောပါတယ်။

 

 

ကပ်ရောဂါ ထိန်းချုပ်ရေးအတွက် နိုင်ငံရဲ့ နယ်စပ်ဂိတ်တွေကို အစောဆုံး ပိတ်ခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။

 

 

နိုင်ငံခြားမှာ ရောက်ရှိနေတဲ့ မွန်ဂိုလီးယား ၈,ဝ၀ဝ နီးပါးကတော့ မဲပေးခွင့်မရရှိခဲ့ကြောင်း သိရပါတယ်။

 

 

မဲလာပေးတဲ့ အသက် ၃၉ နှစ်အရွယ်ကတော့ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းထားစေချင်ခဲ့တယ်။ ဒါပေမယ့် နိုင်ငံ့ဘဏ္ဍာငွေ ဘီလီယံနဲ့ချီပြီး အသုံးပြုထားတဲ့ ရွေးကောက်ပွဲဖြစ်တယ်။ ဘဏ္ဍာငွေကို မဖြုန်းတီးစေချင်တဲ့အတွက် မဲလာပေးတာလို့ ပြောပါတယ်။

 

 

မွန်ဂိုလီးယားနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၂၀ဝ ခန့်ရှိပေမယ့် အများစုဟာ ရုရှားနိုင်ငံက ပြန်လာသူတွေလို့ ဆိုပါတယ်။ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ မရှိကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား- AFP