သုဒြာရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ရိုက်ကူးပြီး ဒါရိုက်တာ လူမင်းဖန်တီးတင်ဆက်ကာ နိုင်ငံကျော် အမျိုးသမီး သရုပ်ဆောင်လေးဦး ပါဝင်သရုပ်ဆောင်ထားသည့် Reflection (ရောင်ပြန်) အမည်ရှိ ရုပ်ရှင်ဇာတ်ကားကို ယခုလ ၁၇ ရက်တွင် ရုံတင်ပြသသွားမည် ဖြစ်ကြောင်းသိရသည်။
ကုန်ကျစရိတ် စုစုပေါင်း ကျပ်သိန်းပေါင်းနှစ်ထောင်ကျော် သုံးစွဲထားသည့် ယင်းဇာတ်ကားနှင့် ပတ်သက်၍ သုဒြာထုတ်လုပ်ရေးပိုင်ရှင် အိန္ဒြာကျော်ဇင်က "ဒီဇာတ်ကားအတွက် ပရိသတ်အားပေး မှုကို အူဝဲအများကြီး မျှော်လင့်ထားပါတယ်။ ဒီဇာတ်ကားက မင်းသမီးအသားပေး ရိုက်ထားတဲ့ ဇာတ်ကားဖြစ်တဲ့အတွက် ပရိသတ်ဆီက ပြန်ကြားရမယ့်အသံကို အူဝဲအများကြီးလည်း ရင်ခုန်ပါ တယ်။ အဓိကတော့ ဖက်ရှင်အသားပေး အက်ရှင်ဇာတ်ကားပုံစံဆိုတော့ ဒီဇာတ်ကားထဲမှာပါတဲ့ မင်းသမီးတွေ အကုန်လုံးရဲ့ ဖက်ရှင်တွေဆိုလည်း ဖက်ရှင်ဒီဇိုင်နာ တစ်ယောက်စီထားပြီး သေချာပြင် ဆင်တယ်။ ပြီးတော့ ဒီကားမှာ အမှတ်တရဖြစ်တဲ့ ဇာတ်ဝင်ခန်းဆိုရင် အူဝဲကိုယ်တိုင် ကွန်တိန်နာ ကားကို တက်မောင်းပြီး တိုက်ပစ်တဲ့ အခန်းဖြစ်တယ်။ အော်တိုဂီယာနဲ့ပဲ မောင်းတတ်တာ၊ အဲဒီကားက manual ဆိုတော့ အခက်အခဲဖြစ်ခဲ့ရတယ်။ အဲဒါကတော့မှတ်မှတ်ရရပဲ" ဟု ပြောပြခဲ့သည်။
အဆိုပါဇာတ်ကားတွင် ပါဝင်သည့် သရုပ်ဆောင်များမှာ သရုပ်ဆောင် ထွန်းအိန္ဒြာဗိုလ်၊ အိန္ဒြာ ကျော်ဇင်၊ ဝတ်မှုန်ရွှေရည်နှင့် ပက်ထရစ်ရှာ တို့အပြင် အခြားသရုပ်ဆောင်များစွာ ပါဝင်အားဖြည့် သရုပ်ဆောင်ထားကြောင်းသိရသည်။
အဆိုပါ ဇာတ်ကားသည် မင်းသမီးလေးဦး၏ ဖက်ရှင်နှင့် အက်ရှင်ကို အသားပေးပေါင်းစပ်ထား သော ဇာတ်ကားကြီးဖြစ်ပြီး အကွက်မြင် ထက်မြက်ပြီး လိင်တူစိတ်ဝင်စားတဲ့ မှောင်ခို ဒုစရိုက်လုပ်ငန်း ရှင် “မေနက္ခတ်” ငယ်ရွယ်စဉ်ကတည်းက မိဘတွေ သေဆုံးသွားပြီး ဘဝကို ကြမ်းတမ်းစွာ ဖြတ်ကျော်ခဲ့ရသူ ဘဝတူမိန်းကလေးများကို ငဲ့ညှာသူ “မေနိုင်း”၊ အသတ်အပုတ်ကျွမ်းကျင်ပြီး လမ်း သရဲ လူမိုက်များပင် လက်ဖျားခါရအောင် လက်ရဲဇက်ရဲနိုင်သူ “အရိပ်”နဲ့ သခင်ကို အသက်ပေး ကာကွယ်ချင်တဲ့အထိ သစ္စာရှိမယ့် “ကိုကိုး“ တို့ရဲ့ ပက်သက်ဆက်နွှယ်မှုတွေက ဘာလဲဆိုတာကို ဖက်ရှင်နဲ့ အက်ရှင်များ ပေါင်းစပ်ပြီး ရိုက်ကူးထားပါတယ်" ဟု ဒါရိုက်တာ လူမင်းက ပြောပြခဲ့သည်။
ကိုလင်း