၁၄ ဩဂုတ်
ဗင်နီဇွဲလားနိုင်ငံ၏ မြို့တော် ကရာကတ် မြို့တော်ဝန်ဖြစ်သူ ဒါရီယို ဗီဗာအသက် ၇၀ သည် ကိုဗစ်-၁၉ ကူးစက်ရောဂါ ခံစားရပြီးနောက် သုံးပတ်အကြာ ဩဂုတ် ၁၃ ရက်နေ့တွင် ကွယ်လွန်ခဲ့ကြောင်း သိရှိရသည်။
ကိုဗစ်-၁၉ ကို စမ်းသပ်ပြီးနောက်ပိုင်း ရောဂါပိုး ရှိသည်ဟု သိရှိပြီးနောက် သီးခြားနေထိုင်ပြီး ကုသလျက်ရှိကြောင်း ဗီဗာက ဇူလိုင် ၁၈ ရက်က ကြေညာခဲ့သည်။
ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သည်ဟု ဗီဗာက တွစ်တာတွင် ရေးသား ဖော်ပြခဲ့သည်။
ကိုဗစ်-၁၉ အတွက် အပြုသဘောဆောင်သော စမ်းသပ်မှုအဖြစ် ဗင်နီဇွဲလားရှိ အခြားအရာရှိများသည်လည်း စမ်းသပ်မှု ပြုလုပ်ခဲ့ကြပြီး အခြေအနေ ကောင်းမွန်သဖြင့် ဆေးရုံမှ ဆင်းသွားကြပြီ ဖြစ်သည်။
ဗီဗာကို ဇန်နဝါရီလ အတွင်းက ခရိုင်မြို့တော်ဝန် အကြီးအကဲအဖြစ် ခန့်အပ်ခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်
