ကော့ကရိတ် ၉ ဇန်နဝါရီ
ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် ယမန်နေ့ ည ၉နာရီက ကော့ကရိတ်-ကမိုင်ကုန်း ကျေးရွာလမ်းတွင် ဆိုင်ကယ်တိုက်မှုဖြစ်ပွား၍ တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကော့ကရိတ်မြို့ဘက်မှ ကမိုင်ကုန်းကျေးရွာဘက်သို့ မင်းထက်(နေရပ်လိပ်စာ စုံစမ်းဆဲ) မောင်းနှင်ပြီး နောက်တွင် မင်းနိုင်စိုး၊ (၁၈)နှစ်၊ ကမိုင်ကုန်းကျေးရွာ၊ ကော့ကရိတ်မြို့နယ်နေသူတို့ လိုက်ပါစီးနှင်းလာသည့် နံပါတ်မပါ (နက်/ပြာ) ဆိုင်ကယ်သည် ကော့ကရိတ်မြို့၊ ကရင်နှစ်သစ်ကူးပွဲမှအပြန် ကော့ကရိတ်-ကမိုင်ကုန်းကျေးရွာသွား လမ်းတွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ခြမ်းရှိ ဓာတ်တိုင်၏ ထောက်တိုင်အား ဝင်ရောက်တိုက်မိကာ မင်းထက်တွင် ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး မင်းနိုင်စိုးတွင် ပွန်းပဲ့၊ ပေါက်ပြဲဒဏ်ရာများ (မစိုးရိမ်ရ) ရရှိကာ ကော့ကရိတ်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရသည်။
သို့ဖြစ်ပါ၍ ဆိုင်ကယ်မောင်းနှင်သူ မင်းထက်အား မြို့မစခန်း(ကော့ကရိတ်) မှ အမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်။
စိုးထက်အောင်(ကော့ကရိတ်)