ဘားအံ ၁၇ ဇွန်

 

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဘားအံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းသန်းသန်းလွင်၊ ကရင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များဖြစ်သော စောမိုးမြင့်၊ စောသန်းထွဋ်နှင့် အဖွဲ့သည် ဇွန် ၁၆ ရက်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

 

အဆိုပါအဖွဲ့သည် ဘားအံမြို့နယ် သံလွင်မြစ်အနောက်ဘက်ခြမ်းရှိ နယ်စပ်ဒေသဖွံ့ဖြိုးရေး လမ်းပိုင်းများဖြစ်သော ကြို့ပင်ဆိပ်- ဖလန်တောင်- ပျဉ်းမပင်ဆိပ်လမ်း (၃၂/၁)မိုင်အနက် (၃/၄)မိုင် ကတ္တရာခင်းခြင်း၊ (၁/၂)မိုင်ကွန်ကရစ်ခင်းခြင်း၊ မဲလန်-နော်သရေး-ထီးဖိုးနဲ ကျောက်လမ်း (၂/၀)မိုင်ခင်းခြင်း၊ ဘန့်ဘွေးကုန်း-ထီးမယ်ဘော ကျေးရွာချင်းဆက် မြေသားလမ်း (၄/၅)မိုင် ဖောက်လုပ်ခြင်း၊ ညောင်ကုန်း-အီဟယ်ကျေးရွာချင်းဆက် (၂/၀)မိုင် ကတ္တရာခင်းခြင်း၊ တကောင်ဘိုး(အ.ထ.က)တွင် ဆရာ/ဆရာမများ နေထိုင်ရန် တန်ဖိုးနည်းအိမ်ရာ (၄)လုံး တည်ဆောက်ခြင်း၊ အထက(ဒုံရင်း)တွင် (၆၀×၃၀)ပေ RC (၁)ထပ် ကျောင်းဆောင်နှင့် အ.မ.က(နိုင်းကြာ)တွင် (၆၀×၃၀)ပေ RC (၁)ထပ် ကျောင်းဆောင် ဆောက်လုပ်ခြင်း လုပ်ငန်းပြီးစီးမှုများအား ကြည့်ရှုစစ်ဆေးပြီး နယ်စပ်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်းဝင် ကျေးရွာများဖြစ်သည့် ကျေးရွာအုပ်စု(၆)အုပ်စု၊ ကျေးရွာပေါင်း (၅၆)ရွာအနက်မှ လျှပ်စစ်မီးသွယ်တန်း ရန်ခက်ခဲသည့် ကျေးရွာများသို့ လတ်တလောတွင် လျှပ်စစ်မီးလင်းရေးအတွက် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာအစုံ (၃၀၀)ကို  ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်