ဘားအံ ၂၀ ဖေဖော်ဝါရီ

 

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးဒေသတွင် ၂၄ နာရီ လျှပ်စစ်မီး ရရှိပြီဖြစ်သောကြောင့် ကော့ကရိတ်မှ ကြာအင်းဆိပ်ကြီးသို့ ၆၆ ကေဗွီဓာတ်အားလိုင်း ၄၁ ဒသမ ၄၈ မိုင် တည်ဆောက်ခြင်းနှင့် ၆၆/၁၁ ကေဗွီ ၁၀ အမ်ဗွီအေ ကြာအင်းဆိပ်ကြီးဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၀ ရက် နံနက် နာရီခွဲက အဆိုပါ ကြာအင်းဆိပ်ကြီး ဓာတ်အားခွဲရုံတွင် ကျင်းပခဲ့သည်။

 

ဖွင့်ပွဲအခမ်းအနားတွင် ကရင်ပြည်နယ်လွှတ်တော်ဉက္ကဋ္ဌ ဦးစောချစ်ခင်နှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းတို့က အမှာစကားများ ပြောကြားသည်။ ထို့နောက် ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုးလှိုင်က အဆိုပါဒေသတွင် ၂၄ နာရီ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ခဲ့သည့် ခြအနေများကို ရှင်းလင်းပြောကြားပြီး ဒေသခံတစ်ဦးဖြစ်သူ ဦးသိန်းဇော်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ဆက်လက်၍ ကရင်ပြည်နယ် လွှတ်တော်ဉက္ကဋ္ဌ ဦးစောချစ်ခင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုးလှိုင်နှင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး(ငြိမ်း) ဦးစောဝင်းမောင်တို့က ကော့ကရိတ်-ကြာအင်းဆိပ်ကြီး ၆၆ ကေဗွီ ဓာတ်အားလိုင်း ၄၁ ဒသမ ၄၈ မိုင် တည်ဆောက်ခြင်းနှင့် ၆၆/၁၁ ကေဗွီ ၁၀ အမ်ဗွီအေ ကြာအင်းဆိပ်ကြီး ဓာတ်အားခွဲရုံတို့အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကမ္ပည်းကျောက်စာတိုင်အား ကရင်ပြည်နယ် လွှတ်တော်ဉက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးတို့က စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့ကြသည်။

 

ကြာအင်းဆိပ်ကြီးမြို့နယ်သည် ယခင် အင်ဂျင်မီးစက်ကြီးများဖြင့် ညပိုင်းသာ မီးပေးနိုင်ခဲ့ပြီး ယခုအခါ ၂၄ နာရီ လျှပ်စစ်မီးရရှိရေး နိုင်ငံတော်ပိုင်ဓာတ်အားစနစ်မှ ကော့ကရိတ်မြို့မှတစ်ဆင့် ဆိပ်ကြီးမြို့သို့ ၆၆ ကေဗွီ ဓာတ်အားလိုင်း ၄၁ ဒသမ ၄၈ မိုင်ဖြင့် ၆၆/၁၁ ကေဗွီ ၁၀ အမ်ဗွီအေ ကြာအင်းဆိပ်ကြီး ဓာတ်အားခွဲရုံသို့ ချိတ်ဆက်ကာ မြို့ပေါ်ရပ်ကွက် ရပ်ကွက်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ကျေးရွာ ၁၂ ရွာ၊ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း ကျေးရွာ ရွာ စုစုပေါင်း အိမ်ထောင်စုပေါင်း ၃၉၆၀ ကျော်အတွက် လျှပ်စစ်ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

 

နေမျိုးလွင်(ပြန်/ဆက်)