နေပြည်တော် ၁၄ အောက်တိုဘာ
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ကွပ်ကဲမှုအောက်ရှိ ကော့ကရိတ်ခရိုင် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး၊ ဦးစောထူးနှင့်အဖွဲ့ဝင် များသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်ထောင်စု)ရန်ပုံငွေဖြင့် ကော့ကရိတ်မြို့ နယ်အတွင်း သမိန်ဒွတ်-ခရင်းကျောက်ခင်းလမ်း (၂/ဝ)မိုင်၊ ခွင့်ပြုရန်ပုံငွေ ကျပ်(၂၁၉ ဒသမ ၇၇၀) သန်းနှင့် တောင်ကြာအင်း (အထက) ဆရာ/ဆရာမ တန်ဖိုးနည်း အိမ်ရာ (၁)လုံး ခွင့်ပြု ရန်ပုံငွေကျပ်(၈ ဒသမ ၁၇၅)သန်းဖြင့် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများ၏ ဆောင်ရွက်ပြီးစီးမှု များအား အောက်တိုဘာ ၁၀ ရက်တွင် ကွင်းဆင်းစစ်ဆေးခဲ့ရာ လုပ်ငန်းများ (၁၀ဝ ရာခိုင်နှုန်း) ဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ခွင့်ပြု ရန်ပုံငွေဖြင့် သမိန်ဒွတ်-ခရင်း (၁/၆)မိုင် အပြီးသတ် ကျောက်ခင်းလမ်းလုပ်ငန်းနှင့် အဆိုပါ လမ်းပေါ်တွင် (၅)ပေ Box Culvert (၃)စင်း တို့ကို ဆက်လက်တည်ဆောက်သွား မည်ဖြစ်သည်။
အဆိုပါ သမိန်ဒွတ်-ခရင်း-ကညင်ကတိုက်လမ်းမိုင်အရှည် (၁၆/ဝ)မိုင်ကို ဘဏ္ဍာရေး နှစ် အလိုက် ကျောက်လမ်းအဆင့်သို့ အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေး နှစ် အထိ(၁၄/၂)မိုင်ဆောင်ရွက်ပြီးစီးခဲ့ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျောက်ခင်း လမ်း (၁/၆)မိုင်အား ဆက်လက်ဆောင်ရွက်ပါက (၁၆/ဝ)မိုင် အပြီးသတ် ကျောက်ချောလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းတစ်ခုလုံးပြီးစီးမည်ဖြစ်ပြီး ဒေသခံပြည်သူများအတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးအပါအဝင် လူမှုစီးပွားတိုးတက်ရေးအတွက် များစွာအထောက် အကူပြုသည့်အပြင် လမ်းပန်းဆက်သွယ်ရေးပိုမိုကောင်းမွန်လာခြင်းကြောင့် ယာဉ်များ ရာသီ မရွေး သွားလာနိုင်ပြီး မြို့ပြနှင့်ကျေးလက်လူမှုဆက်ဆံရေးအား ကောင်းစေ၍ အလုပ်အကိုင် အခွင့်အလမ်းများလည်း ပိုမိုတိုးတက်လာစေကြောင်း ကော့ကရိတ်ခရိုင် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး၊ ဒုတိယညွှန်ကြားရေးမှူး၊ ဦးစောထူးထံမှ သိရသည်။
ခင်ချိုဆင့်( ကော့ကရိတ်မြို့)


