လိပ်သို ၁ ဇွန်
ကရင်ပြည်နယ်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ရာဒိုဒေသကျေးရွာများ လျှပ်စစ်ဓာတ်အားရရှိရေး MREF Power Co.Ltd မှ တာဝန်ယူတည်ဆောက်လျက်ရှိသော ဆိုလာစနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကရင်ပြည်နယ် လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုးလှိုင်၊ ဒုတိယ ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးသန့်ဇော်ထွန်း၊ လိပ်သိုမြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်၊ မြို့လျှပ်စစ်မှူး ဦးချစ်ကိုကိုနှင့် တာဝန်ရှိသူများ လိုက်ပါလျက် မေ ၃၁ ရက် နံနက် ၁၀ နာရီက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးနှင့် အဖွဲ့သည် ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ဒေသခံမီးလင်းရေး ကော်မတီဝင်များနှင့် တွေ့ဆုံကာ ဓာတ်အားဖြန့်ဖြူးရေးကိစ္စရပ်များ၊ ဒေသလိုအပ်ချက်များအား ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီးနောက် သောက်ရေခပ်ကျေးရွာသို့ သွားရောက်ကာ သောက်ရေခပ်ကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများအား အလားတူ ဆိုလာစနစ်ဖြင့် ဓာတ်အားဖြန့်ဖြူပေးနိုင်ရေးအတွက် လျာထားသတ်မှတ် မြေနေရာအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် သောက်ရေခပ် အ.ထ.က ကျောင်းခန်းမတွင် ဒေသခံကျေးရွာမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ကိစ္စရပ်များ၊ ဒေသလိုအပ်ချက်များအား ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။
စောဝေါ်ကွောထူး (လိပ်သို ပြန်/ဆက်)


