ကြာအင်းဆိပ်ကြီး    ၇     အောက်တိုဘာ

 

ကရင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်က ယနေ့နံနက် ၉နာရီအချိန်က  ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့ အခြေခံပညာအထက်ကျောင်း ပညာတန်ဆောင်ခန်းမတွင် ဆရာ / ဆရာမများ ကျောင်းသားမိဘများ တက္ကသိုလ်ဝင်တန်းကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

 

လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်က တက္ကသိုလ်ဝင်တန်းကျောင်းသားကျောင်းသူများအား ကျောင်းစာများကို ကြိုးစားသင်ယူပြီး ၂၀၁၉-၂၀၂၀ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အကောင်း‌ဆုံး ဖြေကြားနိုင်ပြီး ဘာသာရပ်များအလိုက် ထူးချွန်စွာအောင်မြင်ပြီး ‌ဖြေဆိုသူအားလုံး အောင်မြင်နိုင်စေအတွက် လမ်းညွှန်အားပေးစကား ပြောကြားသည်။

 

ထို့နောက် လူမှုရေးဝန်ကြီးသည် ဆရာ ဆရာမများ ကျောင်းသားမိဘများအား လိုအပ်သည်များကို မေးမြန်းဆွေးနွေးကာ ဆရာ ဆရာမများ ကျောင်းသားမိဘများမှ ပြန်လည်တင်ပြဆွေးနွေးကာ လူမှုရေး ဝန်ကြီးက လိုအပ်သည်များကို ပြန်လည်ဖြည့်ဆည်းဆွေးနွေးခဲ့ကြောင်း သိရသည်။

 

မျိုးမင်းဦးပြန်/ဆက်