ပိုင်ကျုံ ၁၀ ဇွန်
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ အမှတ်(၄)ရပ်ကွက်တွင် မိုးရာသီ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုင်ကျုံမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးထွန်းရန်အောင်၊ ကျေးလက်ကျန်းမာရေးဌာနမှ ဆရာ/မများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာ အဖွဲ့နှင့် ဌာနဆိုင်ရာ၀န်ထမ်းများ ပူးပေါင်း၍ ရပ်ကွက်နေပြည်သူများ၏ နေအိမ်နှင့် ပတ်၀န်းကျင်ရှိ ရေလှောင်ကန်များ၊ ရေစည် ရေအိုးများနှင့် ရေ၀ပ်နိုင်သော အရာ၀တ္ထုများတွင် ပိုးလောက်လန်းများ မပေါက်ဖွားနိုင်ရန်အတွက် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများနှင့် အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပြီး သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်း ရေးအတွက် ပြည်သူလူထုက ဆောင်ရွက်ရမည့် လုပ်ငန်းများအား အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ လုပ်ငန်းများ ဆောင်ရွက်ရန်ကျန်ရှိသည့် ရပ်ကွက်/ကျေးရွာများတွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
စောpဖိုး(ပြန်/ဆက်)


