ဘားအံ ၁၅  ဩဂုတ်

ကရင်ပြည်နယ်အတွင်း ဩဂုတ်လဆန်းပိုင်းမှစ၍ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများစီးဆင်းကာ မြစ်ရေချောင်းရေများ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိလာသည့်အတွက် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရာ ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများနှင့် ရေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့် စားသောက်ကုန်ပစ္စည်းများ ပေးအပ်လှူဒါန်းသည်။

ရှေးဦးစွာ အလှူရှင်များကိုယ်စား အလှူရှင်တစ်ဦးက လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ JICA အဖွဲ့မှ အလှူငွေသိန်း(၁၀ဝ)၊ ရွှေဖားစည်ကုန်မျိုးစုံဖြန့်ချိရေးနှင့် Myanmar Oais Manufacturing Co.,Ltd တို့မှ ငွေကျပ် ( ၅၃ ) တန်ဖိုးရှိ စားသောက် ကုန်ပစ္စည်းများ၊ ကရင်ပြည်နယ် မြဝတီနယ်စပ် သယ်ယူပို့ဆောင်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းမှ ငွေကျပ် (၃၀) သိန်း တန်ဖိုးရှိ စားသောက်ကုန်ပစ္စည်းများ၊ မျိုးပြည့်စုံအောင် ကုမ္ပဏီ ဦးမျိုးမြင့်၊ ဒေါ်ချိုချိုအောင် မြဝတီမြို့မှ ငွေကျပ် (၅) သိန်း၊ ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ အဝတ်အထည်၊ ခြင်ထောင်၊ စောင်၊ ရေသန့်၊ ခေါက်ဆွဲခြောက်၊ ဆန်နှင့် ငွေကျပ် တစ်ဆယ်သိန်းရှစ်သောင်းကျပ်တို့ကို ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)