ရှမ်းရွာသစ် ၊ ၄ ဖေဖော်ဝါရီ
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)တွင် ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စု၊ မဲကတောခီးကျေးရွာ၌ ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဒီဇင်ဘာလ တတိယပတ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ယခုအချိန်တွင် ရာခိုင်နှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းသည် လူထုဗဟိုပြုစီမံကိန်းမှ ထောက်ပံ့ငွေ ကျပ်(၂၂၀)သိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး အရှည်(၁၂၅)ပေ၊ အကျယ်(၁၂)ပေ၊ ထု (၆) လက်မ ရှိပြီး စီမံကိန်းတာဝန်ရှိသူများတို့၏ စနစ်တကျလမ်းညွှန်မှုနှင့် ကျေးရွာပြည်သူလူထုတို့၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ ၎င်းလုပ်ငန်းဆောင်ရွက်ပြီးစီးသည့်အတွက် ကျေးရွာနေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေးများ ယခင်ကထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာကြောင်း သိရှိရသည်။
ဇင်လေး(ပြန်/ဆက်)


