နေပြည်တော်၊ ၁၀ မေ 

ကရင်ပြည်နယ်၊ သံတောင်မြို့နယ်တွင် ငွေကျပ် ၁၀ ဒသမ ၃၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၉ ရက် ညနေ ၅ နာရီခွဲတွင် သံတောင်ကြီးမြို့နယ်၊ တောင်ငူ - လွိုင်ကော် သွားကားလမ်း၊ လိပ်သိုမြို့အဝင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် လွိုင်ကော်မှ တောင်ငူမြို့ဘက်သို့ စိုးမြင့်ထွေး မောင်းနှင်ပြီး အိုင်ဘောစကို လိုက်ပါလာသည့် CANTER (၆)ဘီးယာဉ်ကို သတင်းအရ ရှာဖွေရာ ဒေသကာလတန်ဖိုး ၁၀ ဒသမ ၃၅ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၆၉ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးပေါ်ပေါက်ချက်များအရ သိမ်းဆည်းရမိသော စိတ်ကြွရူးသွပ်ဆေးပြားများမှာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ‌ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်