လှိုင်းဘွဲ ၁၈ ဇူလိုင်
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် အနာဂတ်လူသားများ စဉ်ဆက်မပြတ် စားသုံးမှုဖူလုံပိုလျှံစေရေး၊ ငါးများမပြုန်းတီးရေးနှင့် ငါးမျိုးဆက် သယံဇာတပြန့်ပွား လာစေရေး၊ စားသုံးသူများအတွက် ဘေးအန္တရာယ်မဖြစ်စေရေးနှင့် အစာအာဟာရနှင့်ပတ်သက်ပြီး လုံလောက်မှုရှိစေရန် ရည်ရွယ်၍ နှစ်စဉ်သဘာဝ ရေပြင်များတွင် ငါးမျိုးများ စိုက်ထည့်ပေးလျက်ရှိရာ ယနေ့နံနက် (၈)နာရီအချိန်က လှိုင်းဘွဲမြို့နယ် ထီလုံရေဘုတ်ဆည် ရေလှောင်တမံအတွင်းသို့ ငါးမျိုးများ စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
ငါးသယံဇာတထိန်းသိမ်းရေး၊ ငါးမျိုးပြုန်းတီးမှုမှ ကာကွယ်ရေး၊ ငါးမျိုးများ ရေရှည်တည်တံ့ပြီး စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ရေး၊ ဒေသတွင်းငါးစားသုံးမှု ဖူလုံစေရေးအတွက် ရည်ရွယ်ပြီး ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦးနှင့် ဝန်ကြီးများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများက ငါးမြစ်ချင်း သားပေါက် ကောင်ရေ(၁)သိန်းအား စိုက်ထည့်ပေးခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)


