ဘားအံ ၁၁ ဒီဇင်ဘာ
၂၀၁၉ ခုနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၁)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ဘားအံမြို့ အောင်သံလွင် အားကစားကွင်း၌ ပြုလုပ်ခဲ့သည်။
ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အမှာစကားပြောကြားပြီး ပြိုင်ပွဲကို ဖွင့်လှစ် ပေးခဲ့ကာ ပွဲဦးထွက်ပွဲစဉ်အဖြစ် ကော့ကရိတ်မြို့နယ် ဘောလုံးအသင်းနှင့် ကြာအင်းဆိပ်ကြီး မြို့နယ်ဘောလုံး အသင်းတို့ ယှဉ်ပြိုင် ခဲ့ကြသည်။
အဆိုပါ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံး ပြိုင်ပွဲတွင် ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မြဝတီမြို့နယ်၊ ဖာပွန်မြို့နယ်၊ ဘားအံ မြို့နယ်၊ သံတောင်ကြီးမြို့နယ်၊ လှိုင်းဘွဲမြို့နယ် ဘောလုံးအသင်း(၇)သင်းက အုပ်စုပတ်လည် ပွဲစဉ်များ အဖြစ် ယှဉ်ပြိုင်သွားကြမည်ဖြစ်ပြီး ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၃ ရက်တွင် ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)