ကော့ကရိတ်  ၇   ဇွန်

ကရင်ပြည်နယ် လွှတ်တော်ဒုဥက္ကဋ္ဌ ဒေါ်နန်းသူဇာဝင်း၊ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမင်းကိုခိုင်၊ ပြည်နယ် ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးခွန်မျိုးတင့်၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ကရင်ပြည်နယ်အစိုးရမှ ထောက်ပံ့သော ဆန်၊ ဆီ၊ ဆား၊ ပဲ၊ နှာခေါင်းစည်း၊ လက်သန့်ဆေးရည်တို့ကို ယမန်နေ့ နံနက် ၉ နာရီချိန်က ကော့ကရိတ်မြို့နယ်ရှိ ဆရာတော် သံဃာတော်များအား သွားရောက်လှူဒါန်း​ခဲ့သည်။

 

ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင်များသည် ကော့ကရိတ်မြို့ ကော့ပလံကျေးရွာ၊ ကော့ပလံဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ ဆန်အိတ် ၂၀၊ ဆီပုံး၊ ဆား ၁ အိတ်၊ ပဲ ၂ အိတ်၊ နှာခေါင်းစည်း ၃ ဖာ၊ လက်သန့်ဆေးရည် တစ်ဘူးတို့ကိုလည်းကောင်း၊ တံတားကျိုး ကျေးရွာ ဣစ္ဆာသယ ကျောင်းတိုက်သို့ ဆန် ၁၀ အိတ်၊ ဆီ ၁ ပုံး၊ ဆား ၁ အိတ်၊ ပဲ ၁ အိတ်၊ နှာခေါင်းစည်း ၃ ဖာ၊ လက်သန့်ဆေးရည် ၁ ဘူး တို့ကို ဆည်းကပ်လှူဒါန်းခဲ့သည်။

 

ထို့နောက် ပြည်နယ်အစိုးရ အဖွဲ့ဝင်များသည် ဝဲကင်းအံကျေးရွာတွင် ဆရာတော်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကိုယ်ထူကိုယ်ထ ဆောက်လုပ်နေသော တံတားအားကြည့်ရှုကာ ဆောင်ရွက်ပေးနေသည့် အလုပ်သမားများကို အဝတ်နှာခေါင်းစည်း ၆၀ နှင့် ဆင်းကတ်များ လှူဒါန်းခဲကြောင်း သိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)