သံတောင်ကြီး   ၂၁  အောက်တိုဘာ

 

ကရင်ပြည်နယ် ၊သံတောင်ကြီးမြို့နယ် ၊ရွာကြီးကျေးရွာအုပ်စု ၊သူဌေးကုန်းကျေးရွာ မီးလင်းရေးဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက ပြုလုပ်သည်။

 

ကျေးရွာမီးလင်းရေးဖွင့်ပွဲအခမ်းအနားတွင် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးစောဗစ်တာခလိုက် ၊အမျိုးသားလွတ်တော် ကိုယ်စားလှယ် ဒေါ်နော်ခရစ္စထွန်း ၊ကရင်ပြည်နယ် ပစ်ခတ် တိုက်ခိုက် ရပ်စဲရေး JMC ကော်မတီဝင်ဦးစောခရစ္စတိုဖာ ၊ခရိုင်လျှပ်စစ်အင်ဂျင်နီယာ ဦးခင်မောင်အေး ၊မြိုနယ်လျှပ်စစ်မှူး ဦးဟိန်းတာရာထိုက် ၊အုပ်စုအုပ်ချုပ်ရေးမှူး ဦးစောမန်းဒေး ၊ဒုမြို့နယ်ပညာရေးမှူး ဦးစောသာဒူးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

 

ဆက်လက်၍ အခမ်းအနားတွင် ခရိုင်လျှပ်စစ်အင်ဂျင်နီယာ ဦးခင်မောင်အေးမှ ကျေးရွာမီးလင်းရေးနှင့် ပတ်သက်၍လည်းကောင်း၊ သံတောင်ကြီးမြို့နယ်တွင် ဓါတ်အားခွဲရုံတည်ဆောက်နိုင်ခြင်းမရှိသေးသဖြင့် လိုအပ်ဓါတ်အားပြည့်ဝစွာ ပေးနိုင်ခြင်းမရှိသေးကြောင့် ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ကျေးရွာမီးလင်းရေးအတွက် စေတနာဖြင့်ပါဝင်ကူညီပေးခဲ့သော အဖွဲ့အစည်းများ မိသားစုဝင်များနှင့် ဌာနဆိုင်ရာများကို ဂုဏ်ပြုမှတ်တမ်းများပေးအပ်ရာ တာဝန်ရှိလူကြီးမင်းများက အသီးသီးချီးမြှင့်ပေးခဲကြသည်။

 

သူဌေးကုန်းကျေးရွာ မီးရရှိရေးအတွက် ပျားစခန်းမှ (11)KVဓါတ်အားလိုင်းမှခွဲထွက်ကာ သူဌေးကုန်း ကျေးရွာ အထိ ၄မိုင်၂ဖါလုံခန့်သွယ်တန်းခဲ့ရကြောင်း လုပ်ငန်းများကို (၂၀၁၉)ဇန်နဝါရီပထမအပတ်တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း ပြည်နယ်အစိုးရမှ လိုအပ်သောဓါတ်တိုင် ၊ဓါတ်ကြိုးနှင့်ဗို့အား(၁၁၀ဝ) ထရာစဖော်မာများကို ပံ့ပို့ပေးခဲပြီး ကျေးရွာအတွင်းလျှပ်စစ်သွယ်တန်းမှုများကို ကျေးရွာလူထု ထည့်ဝင်ငွေကျပ်သိန်း (၂၀ဝ) ကျော်ခန့်ကုန်ကျခဲ့ကြောင်း မီးလင်းရေးကော်မတီ ဦးစောဂူးလူ ပြောကြားချက်အရ သိရသည်။

 

အဆိုပါ မီးလင်းရေးကြောင့် သူဌေးကျေးရွာရှိ အိမ်ခြေပေါင်း(၉၀)အိမ် ၊အိမ်ထောင်စု(၉၅)စု ၊လူဦးရေ (၄၇၇)ဦးကို အကျိုးပြုစေမည်ဖြစ်ကြောင်း သိရသည်။

 

Holy (ပြန်/ဆက်)