ကေ့ာကရိတ် ၂၆ မေ
ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ယနေ့နံနက် ၉ နာရီတွင် ကေ့ာကရိတ်မြို့ မြို့ပေါ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းသို့ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ နှာခေါင်းစည်း၊ လက်သန့်ဆေးရည်၊ အဝတ်ခြေသုတ်တို့ကို လာရောက်လှူဒါန်ခဲ့ကြသည်။
ထိုသို့လှူဒါန်းရာတွင် ကေ့ာကရိတ်မြို့ပေါ်ရှိ တောင်ပေါ်ကျောင်း ဘုန်းတော်ကြီးကျောင်းတွင် ဆန်(၁၅)အိတ်၊ ဆီ (၁)ပုံး၊ ပဲ(၁)အိတ်၊ ဆား(၁)အိတ်၊ နှာခေါင်းစည်း ၁ ဖာ၊ လက်သန့်ဆေးရည်၊ အဝတ်ခြေသုတ်၊ လေသာဘုန်းတော်ကြီးကျောင်းတွင် ဆန်(၂၇)အိတ်၊ ဆီ(၁)ပုံး၊ ဆား(၁)အိတ်၊ ပဲ(၁)အိတ်၊ နှာခေါင်းစည်း(၁)ဖာ၊ လက်သန့်ဆေးရည်၊ အဝတ်ခြေသုတ်၊ မိဒ္ဓေါဒယ သီလရှင်ကျောင်းတွင် ဆန်(၁၈)အိတ်၊ ဆီ(၁)ပုံး၊ ပဲ(၁)အိတ်၊ ဆား(၁)အိတ်၊ နှာခေါင်းစည်း(၁)ဖာ၊ လက်သန့်ဆေးရည်နှင့် အဝတ်ခြေသုတ်၊ ကေ့ာဝါလဲကျေးရွာ အေးချမ်းသာယာတောရကျောင်းတွင် ရဟန်း(၁၂၈)ပါး၊ သီလရှင်(၁၂၀)ပါးတို့အတွက် ဆန်(၁၃၅)အိတ်၊ ဆီ(၅)ပုံး၊ ပဲ(၃)အိတ်၊ ကြက်သွန်(၃)အိတ်၊ ဆားအိတ်ကြီး(၁)အိတ်၊ ငါးသေတ္တာ၊ နှာခေါင်းစည်း၊ လက်သန့်ဆေးရည်နှင့် အဝတ်ခြေသုတ်တို့ကို ကရင်ပြည်နယ်ဝန်ကြီချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးစောဘိုဘိုဝေမောင်၊ ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး ဦးမင်းကိုခိုင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ခရိုင်မြို့နယ်အဆင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများမှ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင် ပြန်/ဆက်)



