ကမမောင်း ဇွန် ၈
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ယာယီတိုက်ပွဲရှောင် မိသားစုများအတွက် ဆန်၊ ဆီများကို ယနေ့နံနက် ၉ နာရီက ကမမောင်းမြို့၊ အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါထောက်ပံ့ပွဲတွင် ကမမောင်းမြို့ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းကျော်သူက ကြီးကြပ်၍ အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းထွန်းနှင့် တာဝန်ရှိသူများက ကမမောင်းမြို့ရှိ ယာယီတိုက်ပွဲရှောင် အိမ်ထောင်စု (၆၆၈)စု၊ လူဦးရေ (၂၉၄၇)ဦးအတွက် လူတစ်ဦးလျှင် ဆန် (၁၄)ဘူးနှုန်းဖြင့် စုစုပေါင်းဆန် ၄၁၂၅၈ ဘူး၊ ဆီ(၁)ဘူးနှုန်းဖြင့် စုစုပေါင်းဆီ ၆၆၈ ဘူးကို ထောက်ပံ့ခဲ့ကြောင်း အမှတ်(၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးထံမှ သိရှိရသည်။
ကမမောင်း(ပြန်/ဆက်)