သံတောင်ကြီး စက်တင်ဘာ ၂၅

 

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ပြည်သူ့ဆေးရုံ၌ လိုအပ်လျက်ရှိသော ဆေးရုံသုံးပစ္စည်းများဖြစ်သည့် Vaccum Machine စက်နှင့် Baby Warmer စက်၊ လိပ်သိုမြို့ တိုက်နယ်ဆေးရုံအတွက် 5-KVA Genertor စက် လှူဒါန်းမှုအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဆင့်က မြို့နယ်ဆရာဝန် ဒေါက်တာကျော်ကျော်လင်းထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

သံတောင်ကြီးမြို့နယ် ပြည်သူ့ဆေးရုံတွင် Vaccum Machine စက်ရှိပြီးဖြစ်သည့်အတွက် စက်နှင့် ကလေးများ ဆွဲထုတ်ပေးနိုင်သည်သာမက ဓမ္မတာအတိုင်းမွေးဖွားပေးနိုင်ခြင်း၊ မိခင်များမှ ကလေးရိုးရိုးမွေးဖွားနိုင်၍ မိခင်နှင့် ကလေး အန္တရာယ်ကျရောက်နိုင်မှု နည်းပါးခြင်း၊ လူသက်သာခြင်း၊ ကလေးကို ဆွဲမထုတ်နိုင်၍ ခွဲစိတ်မွေးဖွားရမည်ဆိုပါက ငွေကုန်ကြေးကျများခြင်း၊ လူပို၍ပင်ပန်းခြင်း၊ အသက်အန္တရာယ်ထိခိုက်မှုများ စသည်တို့မှ ရှောင်လွဲနိုင်ခြင်း၊ Baby Warmer စက်ရှိပြီးဖြစ်သည့်အတွက် မွေးကင်းစကလေးများ၏ ကိုယ်အပူချိန် လျော့ကျတတ်မှုကို ကာကွယ်နိုင်ခြင်း၊ မွေးကင်းစကလေးများ၏ ကိုယ်အပူချိန် လျော့ကျတတ်မှုကို ကာကွယ်နိုင်ခြင်းကြောင့် ၎င်းတို့တွင်ဖြစ်တတ်သော ကိုယ်အပူချိန် လျော့ကျ၍ သေဆုံးနိုင်ခြေကို ကာကွယ်နိုင်ခြင်း၊ မွေးကင်းစကလေးများ၏ ပုံမှန်ကိုယ်အပူချိန်ကို ထိန်းညှိပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများစွာကို ရရှိစေကြောင်း မြို့နယ်ဆရာဝန် ဒေါက်တာကျော်ကျော်လင်းထံက သိရှိရသည်။

 

ယခုလို သံတောင်ကြီးမြို့နယ် ပြည်သူ့ဆေးရုံမှာ အရမ်းလိုအပ်တဲ့ Vaccum Machine စက်နှင့် Baby Warmer စက်ကို လှူဒါန်းပေးတဲ့ ကရင်ပြည်နယ်အစိုးရအဖွဲ့ကို အထူးကျေးဇူးတင်ပါတယ်။ ဒီစက်တွေရှိလာပြီဖြစ်တဲ့အတွက် ကျမတို့လို ကိုယ်ဝန်ဆောင်မိခင်နဲ့ မွေးဖွားလာမဲ့ကလေးတွေအတွက် အရမ်းအဆင်ပြေစေပါတယ်။ ရိုးရိုးကလေးမွေးချင်တဲ့ ကျွန်မအတွက် အဆင်ပြေစေပါတယ်။ ဒါကြောင့် လှူဒါန်းပေးတဲ့ ပြည်နယ်အစိုးရအဖွဲ့နဲ့ အသုံးပြုကုသပေးမယ့် ဆရာဝန်၊ ဆရာ/ဆရာမအားလုံးကို ကျေးဇူးတင်ပါတယ်ဟု သံတောင်ကြီးမြို့ရပ်ကွက် ()တွင် နေထိုင်သူ ကိုယ်ဝန်ဆောင်အမျိုးသမီး နော်နိုးရာက ပြောသည်။

 

မြို့နယ်(ပြန်/ဆက်)