သံတောင်ကြီး ဖေဖော်ဝါရီ ၁၃
ကရင်ပြည်နယ်အစိုးရအဖွဲ့မှ သံတောင်ကြီးမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများအား ဆန်နှင့်ဆီ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းဗိုလ်က ဌာနဆိုင်ရာဝန်ထမ်းများအား ဆန်၊ ဆီ ထောက်ပံ့ပေးအပ်လှူဒါန်းခြင်း ရည်ရွယ်ချက်များ ပြောကြားပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးသည့် ဆန်နှင့်ဆီကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပေးအပ်ရာ ဌာနဆိုင်ရာဝန်ထမ်းများက လက်ခံရယူခဲ့ကြသည်။
အဆိုပါ ထောက်ပံ့ပေးအပ်ရာတွင် ဝန်ထမ်းတစ်ဦးလျှင် ဆန်(၆)ပြည်နှင့် ဆီ(၅၀)သား ထောက်ပံ့ပေးခြင်းဖြစ်ပြီး သံတောင်ကြီးမြို့နယ် ဝန်ထမ်းစုစုပေါင်း ၁၄၇၄ ဦးအတွက် ဆန်(၂၄)ပြည်အိတ် (၃၆၈)အိတ် (၁၂)ပြည်နှင့် ဆီ(၇၃၇)ပိဿာ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
နော်နော်မူ