နေပြည်တော် ၇  မေ 

 

ကိုဗစ်-၁၉ ရောဂါကူးစက်ပြန်ပွားမှုများ ဖြစ်ပေါ်နေချိန်တွင် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ် ၇ မြို့နယ်မှ တောင်သူလယ်သမားများအတွက် လယ်ယာဝန်ဆောင်မှုလုပ်ငန်းများ အဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်နိုင်ရန် ဘားအံမြို့နယ်နှင့် လှိုင်းဘွဲ့မြို့နယ်ရှိ လယ်ယာ အထောက်အကူပြု ဝန်ဆောင်မှု သမဝါယမအသင်းများမှ နွေစပါး၊ မိုးစပါးများ အလှည့်ကျ စိုက်ပျိုးရန်၊ မြေသားပြုပြင်ခြင်း၊ တမန်းနိုးခြင်း၊ အငှားဝန်ဆောင် ထွန်ယက်ပြုပြင်ပေးခြင်း၊ အလေအလွင့် အနည်းဆုံးဖြင့် ရိတ်သိမ်းခြွေလှေ့ခြင်း၊ ကြိတ်ခွဲခြင်း လုပ်ငန်းများအား ဆောင်ရွက်ပေး လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်ခဲ့ရာ ဘားအံမြို့နယ်၊ ဇာသပြင်ကော့ကျိုက် ကျေးရွာတွင် လယ်ယာမြေ ( ၃၅ ) ဧက၊ နောင်လုံ အနောက်ကျေးရွာတွင် လယ်ယာမြေ ( ၂၅ ) ဧက၊ သံလှယ်ကော့ပနော့ ကျေးရွာတွင် လယ်ယာမြေ ( ၇၇ ) ဧက၊ တရုတ်လှကျေးရွာတွင် လယ်ယာမြေ ( ၁၆၂ ဒသမ ၅ ) ဧက၊ ထုံးအိုင်ကျေးရွာတွင် လယ်ယာမြေ ( ၁၇၁ ) ဧက၊ ဝင်းကြံကျေးရွာတွင် လယ်ယာမြေ ( ၂၅ ) ဧက၊ သံလွင်မြစ် အနောက်ဘက်ခြမ်း ကုန်းတန်းကြီးကျေးရွာတွင် လယ်ယာမြေ ( ၁၇၁ ) ဧက ၊ ရေကျော်ကြီးကျေးရွာတွင် ဧက( ၄၀ )၊  မြိုင်ကျေးရွာတွင် လယ်ယာမြေ ဧက ( ၁၆၀ )၊ လှိုင်းဘွဲမြို့နယ်၊ ဒိုင်းပြကျေးရွာတွင် ( ၅၅ ) ဧက ၊ စုစုပေါင်း ( ၉၂၁ ဒသမ ၅ ) ဧကအား မြေယာပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး  ဘားအံမြို့နယ်၊ ကော့ပနော့၊ ခရားသံလှယ်၊ ကော့ဝါးဆူးကျေးရွာများ မွန်ပြည်နယ်၊ ဘီလူးကျွန်း၊ ချောင်းဆုံ၊ ကမာကေးကျေးရွာ၊ ဘားအံမြို့နယ်၊  ရွှေတောကျေးရွာ ၊ လှိုင်းဘွဲ့မြို့နယ်၊ ဒိုင်းပြကျေးရွာ၊ ကော့မြတ်ကြီး ကျေးရွာများရှိ  ( ၁၆၅၁ ) ဧကတို့အား ရိတ်သိမ်းခြွေလှေ့ခြင်းလုပ်ငန်းအား ဆောင်ရွက်လျက်ရှိသည်။

 

တောင်သူလယ်သမားဦးကြီးများအနေဖြင့် မိမိတို့၏လယ်ယာလုပ်ငန်းများမှ ထွက်ရှိလာမည့် နွေစပါးနှင့် မိုးစပါးများ အချိန်မီထွန်ယက်စိုက်ပျိုး ရိတ်သိမ်းခြွေလှေ့လိုပါက လယ်ယာ အထောက်အကူပြု ဝန်ဆောင်မှု သမဝါယမအသင်းများမှ နေရာဒေသမရွေး သင့်လျော်သော ဈေးနှုန်းများဖြင့် အခက်အခဲမရှိ ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။ 

 

(သတင်းစဉ်)