ကရင်ပြည်နယ်အတွင်း နိုင်ငံခြားသားဝင်ရောက်လည်ပတ်မှုပိုမိုများပြားလာ

ဘားအံ  ၁၀ ဇန်နဝါရီ 

 

ကရင်ပြည်နယ်အတွင်းသို့ နိုင်ငံခြားသားဝင်ရောက်လည်ပတ်မှု ယခင်နှစ် ၂၀၁၆ ကထက် ၂၀၁၇ ခုနှစ်ကုန်ပိုင်းက ပိုမိုများပြားလာကြောင်း ဟိုတယ်နှင့် ခရီသွားလာရေးညွှန်ကြားမှုဦးစီးဌာန ၊ ဘားအံရုံးခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းကျော်က ပြောသည်။

 

 

ကရင်ပြည်နယ်အတွင်းကို ပြည်ပခရီးသွားဧည့်သည်ဝင်ရောက်မှုက ၂၀၁၆ ခုနှစ်တွင် ၁၅၉၇၄၉ ဦး ဝင်ရောက်ခဲ့ပြီး ၂၀၁၇ ခုနှစ်နှစ်ကုန်အထိ ပြည်ပခရီးသွား ၃၅၂၃၁၁ ဦး ဝင်ရောက်လာခဲ့ကြကာ  ၂၀၁၆ နဲ့ ၂၀၁၇ နှစ်ကုန်ပိုင်းကို နှိုင်းယှဉ်ကြည့်ရင် ထက်ဝက်နီပါးခန့်   ပိုမိုဝင်ရောက်လာတာကိုတွေ့ရကြောင်း ၎င်းက ပြောသည်။

 

 

ပြည်ပနိုင်ငံခြားသားခရီးသွားများ ဝင်ရောက်မှုအများဆုံးမှာ  ပြင်သစ်နိုင်ငံသားများဖြစ်ပြီး ယင်း အပြင် ဂျာမနီ၊ တရုတ်နိုင်ငံသားများလည်း အများအပြားဝင်ရောက်လည်ပတ်လျက်ရှိကြောင်း သိရပါသည်။ ကရင်ပြည်နယ်အတွင်းသို့ နိုင်ငံပေါင်း (၆၉)နိုင်ငံခန့်မှ ခရီးသွားဧည့်သည်များ  လာရောက်လည်ပတ်လျက်ရှိသလို ပြည်တွင်းခရီးသွားဧည့်သည်ဦးရေ ကလည်း  ၂၀၁၇ ခုနှစ်အတွင်း ၆၀၄၄၂၉ ဦးဝင်ရောက်ခဲ့ကြောင်း သိရသည်။

 

 

နိုင်ငံခြားသားခရီးသွားများသည် ဘားအံမြို့နယ်အတွင်းရှိ ဘုရင်ညီဂူ၊ ခရုံဂူ၊ ရသေပျံဂူ၊ ကော့ကသောင်ဂူ၊ ဆဒ္ဒန်ဆင်မင်းဂူ၊ ဇွဲကပင်တောင်၊ ကန်သာယာ ရွှေယဉ်မျှော်ဘုရား၊ ကျောက်ကလပ်ဘုရား နှင့်ထူးခြား သောနေရာများသို့ သွားလာလည်ပတ်ကြကာ  ပြည်ပခရီးသွားများအား ဘားအံမြို့နယ်နှင့် မြဝတီမြို့နယ်အတွင်းသာ သွားလာလည်ပတ်ရန်ခွင့်ပြုထားပေးပြီး   အခြားသောမြို့နယ်များသို့ သွားရောက်ရန် ခွင့်ပြုပေးထားခြင်းမရှိကြောင်း သိရသည်။

 

 

ဘားအံမြို့နယ်အတွင်း လိုင်စင်ရဟိုတယ် ၁၁ လုံး တည်ခိုခန်း ၇ လုံးရှိကာ အခန်းပေါင်း ၆၁၆ ခန်းရှိကြောင်း၊ မြဝတီမြို့နယ်အတွင်း ဟိုတယ်၆ လုံးရှိပြီး အခန်းပေါင်း ၂၅၁ ခန်းရှိကြောင်း အလားတူသံတောင်ကြီးမြို့နယ်တွင် B & B (Bed and Breakfast) ၇ လုံးရှိကာ အခန်း ၃၈ ခန်းရှိကြောင်းသိရပါတယ်။ ဒါ့အပြင့် ဟိုတယ်အသစ် ဆောက်လုပ်ဆဲ ၁၀ လုံးလည်း ရှိကြောင်း သိရသည်။

 

မင်းရာဇာ(မြစ်ကြီးနား)