ဘားအံ ၂၉ မေ
ကရင်ပြည်နယ်အတွင်း ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် ကျွန်း၊ ပိတောက်၊ ပျဉ်ကတိုး၊ မဟော်ဂနီ၊ သဃ်န်း၊ မန်ဂျန်ရှား၊ ပျဉ်းမ၊ ထင်းရှူး၊ စိန်ပန်း၊ ငုရွှေဝါ၊ ငုချယ်ရီ၊ မအူ၊ မယ်ဇလီ၊ တရုတ်တည်၊ ကညင်၊ မန်ကျည်း၊ ဗန်ဒါ၊ ရေဆူပုတ်၊ ရေသဖန်း၊ ခရေ၊ စိန်တံချူ၊ ကုက္ကိုလ်၊ ဗက်တီဗာ၊ မာတာကွတ်၊ ယင်းမာ၊ သဒီး၊ တပေဘူတ၊ နတ်ပန်းညိုစသည့် သစ်အမျိုးအစား ပျိုးပင်လေးသိန်း ပျိုးထောင်ထားရှိလျှက်ရှိကြောင်း သိရသည်။
သဘာဝပတ်ဝန်ကျင် ထိန်းသိမ်းရေး၊ တောပြုန်သွားသည့် နေရာများတွင် ပြန်လည်အစားထိုး စိုက်ပျိုးနိုင်ရေး၊ မြို့နှင့် ကျေးရွာများ စိမ်းလန်းစိုပြေ သာယာစေရေး၊ လမ်းဘေးဝဲယာ အရိပ်ရ ရေးတို့အတွက် ကရင်ပြည်နယ်အတွင်း မြို့နယ်(၇) မြို့နယ်တွင် ဆက်သွယ်ရေးလမ်းဘေးဝဲယာတွင် စိုက်ပျိုးနိုင်ရန် ပျိုးပင်ပေါင်း(၂၈၀ဝ)၊တစ်ရွာ(၁)ဧကစိုက်ခင်း(၁၀)ဧက အတွက် ပျိုးပင်ပေါင်း(၁၂၀ဝ၀)၊ ဌာနဆိုင်ရာ၊ အဖွဲ့အစည်းနှင့်လူထုဖြန့် ပျိုးပင်ပေါင်း(၃၈၅၂၀ဝ) စုစုပေါင်း ပျိုးပင် လေးသိန်းကို စိုက်ပျိုးသွားမည် ဖြစ်ကြောင်း ပြည်နယ် သစ်တော်ဦးစီးဌာနမှ သိရသည်။
ဘားအံမြို့နယ်တွင် ၂၀၂၀ခုနှစ်မိုးရာသီတွင် ကျွန်း၊ မန်ဂျန်ရှား၊ မဟော်ဂနီ၊ ခရေ၊ ဗာတီဗာမြက်၊ ဗံဒါ၊ငု၊ ကညင်၊ ပျဉ်းကတိုးပျိုးပင်များကို ဆက်သွယ်ရေးလမ်းဘေးဝဲယာတွင် စိုက်ပျိုးနိုင်ရန် ပျိုးပင်ပေါင်း (၁၅၀ဝ)၊ တစ်ရွာ(၁)ဧက စိုက်ခင်း(၂)ဧကအတွက် ပျိုးပင်ပေါင်း(၂၄၀ဝ)၊ ဌာနဆိုင်ရာ၊ အဖွဲ့အစည်းနှင့် လူထုဖြန့် ပျိုးပင်ပေါင်း(၉၆၁၀ဝ) စုစုပေါင်း ပျိုးပင်(၁၀ဝ၀ဝ၀) စိုက်ပျိုးရန်အသင့်ရှိနေကြောင်း သိရသည်။
အလားတူ သံတောင်ကြီးမြို့နယ်တွင် ပျိုးပင်ပေါင်း(၅၅၀ဝ၀)၊လှိုင်းဘွဲမြို့နယ်နှင့် ဖာပွန်မြို့နယ်တို့တွင် ပျိုးပင်ပေါင်း (၄၀ဝ၀ဝ)ဆီ၊ ကော့ကရိတ်မြို့နယ်တွင် ပျိုးပင်ပေါင်း(၅၀ဝ၀ဝ)၊ ကြာအင်းဆိပ်ကြီး မြို့နယ်တွင် ပျိုးပင်ပေါင်း (၄၀ဝ၀ဝ)၊ မြဝတီမြို့နယ်တွင် ပျိုးပင်ပေါင်း(၇၅၀ဝ၀)တို့ကို မိုးကာလတွင် အသင့် စိုက်ပျိုးနိုင်ရန် ပျိုးထောင်ထားလျှက်ရှိကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)


