ဘားအံ ၂၂ ဇူလိုင်
ကရင်ပြည်နယ်အတွင်း ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး စာပေဟောပြောပွဲကို ဇူလိုင် ၂၁ ရက်က ဘားအံမြို့ ဇွဲကပင်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် စာရေးဆရာ အရိုးက ကွက်လပ်ဖြည့်ပါခေါင်းစဉ်ဖြင့် အိန္ဒိယဝတ္ထုအား ပြန်လည်ရှင်းလင်း ဟောပြောခဲ့ပြီး စာရေးဆရာမ သန်းမြင့်အောင်က လူငယ်နှင့် အနာဂတ်နိုင်ငံ ခေါင်းစဉ်ဖြင့် ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲကို ရင်ခွင်မဲ့ ကလေးငယ်များဖြစ်ခြင်းကို လျှော့ချရန်၊ ရင်ခွင်မဲ့ကလေးငယ်များအား ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေပါ အခြေခံအခွင့်အရေးများနှင့်အညီ ကာကွယ်စောင့်ရှောက်မှုပေးရန် ရည်ရွယ်ချက်များဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)


