ဘားအံ   ၂၈  ဇန်နဝါရီ

 

ကရင်ပြည်နယ် မြို့နယ်(၇)မြို့နုယ်မှ စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းများသို့ အသေးစား အရင်းအနှီးချေးငွေ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပြည်နယ်သမဝါယမ ဦးစီးဌာန အစည်းအဝေးခန်းမတွင်  ကျင်းပကြောင်း သိရသည်။

 

63

 

ရှေးဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦးက အမှာစကားပြောကြားပြီး ပြည်နယ်သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မင်းကချေးငွေနှင့် ပတ်သက်သည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားသည်။

 

5523

 

ထို့နောက် မြို့နယ်အလိုက် ပံ့ပိုးချေးငွေများပေးအပ်ရာတွင် ဘားအံမြို့နယ်သမဝါယမအသင်းစု အတွက် (၁၂၉၆.၄၉၆)သန်းအားလည်းကောင်း၊ လှိုင်းဘွဲမြို့နယ်သမဝါယမအသင်းစုအတွက် (၄၆၈.၉၄၂)သန်း အားလည်းကောင်း၊ သံတောင်ကြီးမြို့နယ် သမဝါယမ အသင်းစုအတွက် (၂၈၂.၂၆၄)သန်းအား လည်းကောင်း၊ ကော့ကရိတ်မြို့နယ်သမဝါယမ အသင်းစုအတွက်(၂၀၆.၆၆၀)သန်းအားလည်းကောင်း၊ ဖာပွန်မြို့နယ် သမဝါယမ အသင်းစုအတွက် (၈၅.၂၆၄) သန်းအား လည်းကောင်း၊ မြဝတီမြို့နယ် သမဝါယမ အသင်းစုအတွက် (၃၄၄.၉၁၇)သန်းအားလည်းကောင်း၊ ကြာအင်းဆိပ်ကြီးမြို့နယ် သမဝါယမ အသင်းစုအတွက် (၃၄၂.၂၀၆) သန်းနှင့် လယ်ယာသုံးစက်ကိရိယာ အရစ်ကျချေးငွေများ အတွက် (၁၇.၇၅၄)သန်း တို့အား ပြည်နယ်ဝန်ကြီး၊ ပြည်နယ်သမဦးစီးမှူးနှင့် တာဝန်ရှိသူများက ပေးအပ်ရာ အသင်းစုဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက လက်ခံရယူခဲ့ကြောင်း သိရသည်။

 

639

 

အဆိုပါချေးငွေသည် တရုပ်နိုင်ငံချေးငွေရယူပြီး ပြည်နယ်အတွင်း အသင်းသားတောင်သူများကို လယ်ယာကဏ္ဍအတွက် အတိုးနှုန်းသက်သာစွာဖြင့် ရင်းနှီးလည်ပတ်နိုင်ရေးအတွက် ဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း သိရသည်။

 

123

 

နေမျိုးလွင် (ပြန်/ဆက်)