နေပြည်တော် ၁၀ ဇွန်

 

ကရင်ပြည်နယ်အတွင်းရှိ ရဲမှုထမ်းဟောင်း(အငြိမ်းစား)များအား အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်သီဟနှင့်အဖွဲ့က ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ စသည့် ရိက္ခာလေးမျိုး ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်က ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်သီဟက ရဲမှုထမ်းဟောင်း ၁၀၀ အား တစ်ဦး လျှင်ဆန်သုံးပြည် ခုနစ်ဘူး၊ ဆီ ၃၂ ကျပ်သား၊ ဆား ၂၅ ကျပ်သား၊ ကုလားပဲ ၄၀ ကျပ်သားတို့ကို ထောက်ပံ့ပေးသည်။

 

ရိက္ခာထောက်ပံ့ပေးအပ်ပွဲသို့ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးချုပ် အောင်မြတ်မိုး၊ ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လင်းထွဋ်နှင့် တပ်ဖွဲ့ဝင်များ၊ ပြည်နယ်ရဲမှုထမ်းဟောင်းဥက္ကဋ္ဌ ဦးကျော်ထွန်း(ဒုတိယရဲမှူးကြီး-ငြိမ်း)နှင့် ရဲမှုထမ်းဟောင်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ရဲပြန်ကြား