ဘားအံ ဧပြီ ၃၀
ကရင်ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုဘဏ္ဍာရန်ပုံငွေဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦဦးစီးဌာန အဆောက် အဦ အထူးအဖွဲ့(၁၃)က တာဝန်ယူတည်ဆောက်လျက်ရှိသော ကရင်ပြည်နယ် ဧည့်ရိပ်သာတည်ဆောက်ရေး လုပ်ငန်းခွင်ကို ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှု စစ်ဆေးသည်။
အဆိုပါဧည့်ရိပ်သာသည် ဘားအံတက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမအနီး စိန်ပန်းပြာလမ်းနှင့် စိန်ပန်းနီလမ်းထောင့်တွင် တည်ရှိပြီး Meeting room နှင့် Dining room အပါ အိပ်ခန်းပေါင်း ၂၉ ခန်းပါဝင်သော (၁၅၀ x ၄၈) ပေ အာရ်စီ ခြောက်ထပ် အဆောက် အအုံနှင့် ဆက်စပ်လုပ်ငန်းများပါဝင်ကာ ပင်မဆောင်တည်ဆောက်ရေး လုပ်ငန်းအနေဖြင့် ရာနှုန်းပြည့်ပြီးစီးနေပြီး ဖြစ်သည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဧည့်ရိပ်သာပရဝဏ်စိမ်းလန်းစိုပြည်ရေး၊ ပန်းအလှပင်များ စိုက်ပျိုး နိုင်ရေး၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းများ၊ ဧည့်ရိပ်သာပင်မဆောင်အတွင်း ပရိဘောဂ၊ အသုံးအဆောင်ပစ္စည်းများ ထည့်သွင်းနိုင်ရေး၊ ဧည့်ရိပ်သာဝန်ထမ်းများနေထိုင်ရန် နှစ်ခန်းတွဲ သုံးထပ်ဝန်ထမ်းအိမ်ရာနှင့် အခြားဆက်စပ်လုပ်ငန်းများ တည်ဆောက် မည့်မြေနေရာတို့ကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကရင်ပြည်နယ်ဧည့်ရိပ်သာ ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ အဆောက်အအုံများ စနစ်တကျရှိစေရေး လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူ များအား လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အားကစားနှင့် ကာယပညာဦးစီးဌာန ပြည်နယ်ခွင့်ပြု ဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက်သော Youth Centre (လူငယ်စင်တာ)(၁၄၀ x ၈၀) ပေ အာရ်စီ သုံးထပ် အဆောက်အအုံတည်ဆောက် ပြီးစီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံတက္ကသိုလ်ပင်မဆောင်၌ တောင်ပိုင်း ရေတပ် ကွပ်ကဲမှုဌာနချုပ်က ကြီးမှူးဖွင့်လှစ်သည့် ဘားအံရေကြောင်း လူငယ်စခန်း၏ ရေကြောင်းလူငယ် အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၅) ဖွင့်လှစ်သင်ကြားပို့ချမှုကို သွားရောက် ကြည့်ရှုအားပေးရာ သင်တန်းနည်းပြများ၏ အခြေခံ စစ်ရေးပြလေ့ကျင့်ခန်း သင်ကြားပို့ချပေးနေမှု၊ စာသင်ခန်းများအတွင်း သင်တန်းနည်းပြများ၏ ရေကြောင်းဘာသာ ရပ်များကို သင်ကြားပို့ချပေးနေမှုနှင့် သင်တန်းနားချိန်တွင် သင်တန်းသား သင်တန်းသူများ၏ နေ့လယ်စာ သုံးဆောင် နေမှုများကို လှည့်လည်ကြည့်ရှုအားပေးကြပြီး သင်တန်းတာဝန်ခံ အရာရှိကြီးနှင့် တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြား၍ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)