ကော့ကရိတ် ၁၀ ဧပြီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အရေးကြီးကာလဖြစ်သည့် မဟာသင်္ကြန် ရုံးပိတ်ရက်ရှည် ကာလအတွင်း ပုံမှန်ဝင်ငွေ မရှိသော အခြေခံ လူတန်းစားများအတွက် စားသောက်ကုန် (၅) မျိုးကိုထောက်ပံ့မှု ပေးလျက်ရှိရာ ယနေ့မွန်းလွဲ (၁၂) နာရီက ကရင်ပြည်နယ် လွတ်တော်ဒုဥက္ကဋ္ဌ ဒေါ်နန်းသူဇာဝင်း၊ ကော့ကရိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းနု၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် စောင့်ကြည့်ရေး ကော်မတီဝင်တို့မှ အမှတ် (၁) ရပ်ကွက်ရှိ အခြေခံလူတန်းစား ပြည်သူများကို သွားရောက်၍ ထောက်ပံ့ပေးဝေလျက်ရှိကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးဝေရာတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု တစ်စုလျှင် ဆန် (၈) ပြည်၊ ဆီ (၅၀) ကျပ်သား၊ ဆား (၅၀) ကျပ်သား၊ ပဲ (၁) ပိဿာ၊ ကြက်သွန် (၁) ပိဿာ နှုန်းဖြင့် အိမ်ထောင်စု (၁၂၁) စု လူဦးရေ (၅၇၅) ဦးတို့ကို ထောက်ပံပေးခဲ့ပြီး ကျန်ရှိနေသည့် ပြည်သူများကိုလည်း ဆက်လက်ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)


