လှိုင်းဘွဲ ၁၄ ဇွန်
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ဒိုင်းပြဘုန်းတော်ကြီးကျောင်း (၃)ထပ်ကျောင်းဆောင်ဓမ္မာရုံ ဆောက်လုပ်နိုင်ရန် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဘိလပ်မြေအိတ် (၅၀ဝ)အတွက် အလှူငွေကျပ် သိန်း(၃၀)ကို ဇွန် ၁၃ ရက်က ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချို၊ ဗအိုဝ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးခွန်မျိုးတင့်တို့က ဒိုင်းပြဘုန်းတော်ကြီးကျောင်း ဆရာတော် ဥူးဇာနေယျထံသို့ ပေးအပ်လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)


