ဘားအံ မေ ၁၃

 

ပြည်ထောင်စုအစိုးရအဖွဲ့၏ ရက်(၁၀၀)စီမံချက်ဖြင့် ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေတိုးမြှင့်ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး တက်ရောက်အမှာစကား ပြောကြားသည်။

 

ထို့နောက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ပြည်နယ်မန်နေဂျာက ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးရေးနှင့်ပတ်သက်၍ သိသင့်သိထိုက်သည်များနှင့် မြန်မာ့အာမခံလုပ်ငန်း ပြည်နယ်မန်နေဂျာက ရာသီဥတုအညွှန်းကိန်း သီးနှံအာမခံကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးကြသည်။

 

ထို့ပြင် ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)ကို ခုတင်(၃၀၀)သို့ အဆင့်မြှင့်တင်ခဲ့သော အခြေအနေများ ရှင်းလင်းတင်ပြသည့် အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားပြီး ပြည်နယ်ပြည်သူ့ ဆေးရုံကြီး(ဘားအံ) ကျောက်ကပ်သွေးသန့်စင်ဌာန၌ ဆေးကုသမှု ခံယူနေသူများအား တွေ့ဆုံအား ပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)