ဘားအံ အောက်တိုဘာ ၂၇
ကရင်ပြည်နယ်တွင် မိုးစပါးစိုက်ပျိုးရန် လျာထားဧကမှာ လေးသိန်းသုံးသောင်းကျော်ဖြစ်ပြီး ယနေ့ ထွန်တုံးပိတ် စိုက်ပျိုးပြီးဧကမှာ လေးသိန်းသုံးသောင်းဧကခန့်ရှိကြောင်း သိရသည်။
ကရင်ပြည်နယ် မိုးစပါးထွန်တုံးပိတ်ပွဲကို အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်းက ဘားအံမြို့နယ် ရဲသာကျေးရွာအုပ်စု၊ ကော့ကူးကျေးရွာ၌ ကျင်းပပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး တောင်သူလယ်သမား အကျိုးစီးပွားမြှင့်တင်ရေးနှင့် အခွင့်အရေး ကာကွယ်ရေးလုပ်ငန်းများကိုလည်း အစဉ်တစိုက်ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကရင်ပြည်နယ်အတွင်း စားနပ်ရိက္ခာ ဖူလုံပိုလျှံပြီး စိုက်ပျိုးရေးကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများ တိုးတက်လာစေရေးအတွက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနက ကြီးမှူး၍ အဆိုပါအခမ်းအနားကို ကျင်းပပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်