ဘားအံ၊ ၈ ဇွန်
ကရင်ပြည်နယ်တွင် ပြည်နယ်အတွင်း သာသနာရေးဆိုင်ရာ ကိစ္စရပ်များ ထွန်းကားပြန့်ပွားစေရေးအတွက် ၂၀၂၁ ခုနှစ် ပထမပြန်စာမေးပွဲ (ကြီး၊ လတ်၊ ငယ်၊ မူ) တန်းများကို ကရင်ပြည်နယ်အတွင်းရှိ ဘားအံမြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြဝတီမြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်များရှိ စာဖြေဌာန (၆) ခုတွင် ဇွန်လ (၇) ရက်နေ့မှ စတင်ကျင်းပပြုလုပ်လျှက်ရှိကြောင်း သိရှိရသည်။
အဆိုပါ စာဖြေဌာနများဖြစ်သည့် ဘားအံမြို့နယ် စာဖြေဌာနတွင် ပထမကြီးတန်း (၆၃) ပါး၊ ပထမ လတ် တန်း (၆၃) ပါး၊ ပထမငယ်တန်း (၁၃၂) ပါး၊ အခြေပြုမူလတန်း (၂၁၀) ပါး၊ ကော့ကရိတ်မြို့နယ် စာဖြေဌာနတွင် ပထမ ကြီးတန်း (၁၃) ပါး ၊ ပထမလတ်တန်း (၁၆) ပါး၊ ပထမငယ်တန်း (၂၉) ပါး၊ အခြေပြုမူလတန်း(၇၈) ပါး၊ လှိုင်းဘွဲ မြို့နယ်တွင် ပထမ ကြီးတန်း (၆) ပါး၊ ပထမလတ်တန်း (၁၁) ပါး၊ ပထမငယ်တန်း (၁၇) ပါး၊ အခြေပြုမူလတန်း(၂၇) ပါး၊ မြဝတီမြို့နယ်တွင် ပထမ ကြီးတန်း (၁၀) ပါး၊ ပထမလတ်တန်း (၈) ပါး၊ ပထမငယ်တန်း (၁၃) ပါး၊ အခြေပြုမူလတန်း (၆၂) ပါး၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ပထမကြီးတန်း (၆) ပါး၊ ပထမလတ်တန်း (၁၃) ပါး၊ ပထမငယ်တန်း (၈) ပါး၊ အခြေပြုမူလတန်း (၂၈) ပါး၊ ဘုရားသုံးဆူမြို့နယ်တွင် ပထမကြီးတန်း (၄) ပါး၊ ပထမလတ်တန်း (၈) ပါး၊ ပထမငယ်တန်း (၁၄) ပါး၊ အခြေပြုမူလတန်း (၁၈) ပါး စုစုပေါင်း (၈၅၇) ပါး ဝင်ရောက်ဖြေဆိုကြကြောင်း သိရသည်။
အဆိုပါ ပါဋိ ပထမပြန်စာမေးပွဲကို Covid – 19 ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဇွန်လ (၇) ရက်နေ့မှစတင်ကာ (၁၃) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ကရင်ပြည်နယ်သာသနာရေး ဦးစီးဌာနရုံးမှ သိရသည်။
ခရိုင် (ပြန်/ဆက်)


