ဘားအံ ၂၀ မေ

 

ကရင်ပြည်နယ်အတွင်း ၂၀၂၁ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေအား မေ ၂၆ ရက်မှ စတင်၍ စပါးစိုက် တောင်သူများထံသို့ ကရင်ပြည်နယ်အတွင်းရှိ ခရိုင်/မြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲများမှ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

၂၀၂၁ ခုနှစ်တွင် ကရင်ပြည်နယ်ရှိ မိုးစပါး စိုက်ဧက ၄၃၀၀၀ ဧကအတွက် ချေးငွေကျပ်သန်း ၆၅၀၀ ထုတ်ပေးသွားရန် လျာထားလျက် မိုးစပါးချေးငွေအား စပါးစိုက်ဧက (၁) ဧကလျှင် ကျပ် ၁၅၀၀၀၀ နှုန်းဖြင့် တောင်သူတစ်ဦးလျှင် အများဆုံး စိုက်ဧက (၁၀) ဧကအထိ ထုတ်ချေးပေးသွားမည်ဖြစ်ပြီး ချေးငွေနောက်ဆုံး ပြန်လည်ပေးဆပ်ရမည့် ကာလမှာ ၂၀၂၂ ခုနှစ် ဧပြီ ၁၅ ရက်ဖြစ်သည်။

 

တောင်သူများအား မိုးစပါးချေးငွေများ ထုတ်ချေးရာတွင် ယခင်နှစ် မိုးစပါးချေးငွေ ပြေကျေသည့် တောင်သူများသို့ ဦးစားပေး ထုတ်ချေးသွားမည် ဖြစ်သည်။

 

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးအနေဖြင့် ဒေသအတွင်း စားနပ်ရိက္ခာဖူလုံစေရေး မြန်မာ့လယ်ယာ ထွက်ကုန်များကို နိုင်ငံတကာသို့ ယှဉ်ပြိုင်တင်ပို့နိုင်ရေးနှင့် တောင်သူများ၏ ဝင်ငွေနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ရည်ရွယ်၍ တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှုစရိတ်အတွက် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က    တစ်ဖက်တစ်လမ်းမှ   ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်းကို  ကရင်ပြည်နယ် ဘဏ်ခွဲ ပြည်နယ်မန်နေဂျာ ဦးသိန်းဇော်ထံမှ သိရှိရသည်။

 

ခရိုင်(ပြန်/ဆက်)