ဘားအံ ၈ ဇွန်
ကရင်ပြည်နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူစုစုပေါင်း ၁၉၂၈၉ ဦးအနက် ၅၃၃၇ ဦး အောင်မြင်၍ အောင်ချက်ရာခိုင်နှုန်း ၂၇ ဒသမ ၆၇ ရရှိခဲ့ပြီး မြန်မာရွေ့ပြောင်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၃၃ ဦး ဖြေဆိုအောင်မြင်ကြောင်း သိရသည်။
ကရင်ပြည်နယ်အတွင်းရှိ ဘားအံမြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း ၇၈၆၃ အနက် ၂၃၆၁ ဦး အောင်မြင်၍ ဂုဏ်ထူးရရှိသူ စုစုပေါင်း ၁၄၄ ဦး နှင့် အောင်ချက်ရာခိုင်နှုန်း ၃၀ ဒသမ ဝ၃ ရရှိကြောင်း၊ လှိုင်းဘွဲမြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း ၂၉၆၅ ရှိပြီး ၉၀၆ ဦး အောင်မြင်၍ ဂုဏ်ထူးရရှိသူ စုစုပေါင်း ၉၀ ဦးနှင့် အောင်ချက်ရာခိုင်နှုန်း ၃၀ ဒသမ ၅၆ ရရှိကြောင်း၊ ဖါပွန်မြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း ၅၆၂ ဦး အနက် ၈၈ ဦး အောင်မြင်၍ ဂုဏ်ထူးရရှိသူစုစုပေါင်း ၄ ဦးနှင့် အောင်ချက်ရာခိုင်နှုန်း ၁၅.၆၆ ရရှိကြောင်း၊ သံတောင်မြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း ၁၄၃၄ ဦးအနက်၂၁၈ ဦး အောင်မြင်၍ ဂုဏ်ထူးရရှိသူစုစုပေါင်း ၄၂ ဦးနှင့် အောင်ချက်ရာခိုင်နှုန်း ၁၅.၂၀ ရရှိကြောင်း ၊ ကော့ကရိတ်မြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း ၂၈၅၇ဦးအနက် ၇၆၀ ဦး အောင်မြင်၍ ဂုဏ်ထူးရရှိသူစုစုပေါင်း ၅၄ ဦးနှင့် အောင်ချက်ရာခိုင်နှုန်း ၂၆.၆၀ ရရှိကြောင်း၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း ၁၉၃၉ ဦးရှိပြီး ၆၆၂ ဦး အောင်မြင်၍ ဂုဏ်ထူးရရှိသူစုစုပေါင်း ၁၂၇ ဦးနှင့် အောင်ချက်ရာခိုင်နှုန်း ၃၄.၁၄ ရရှိကြောင်း ၊ မြဝတီမြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း ၁၆၆၉ ဦးအနက် ၃၄၂ ဦး အောင်မြင်၍ ဂုဏ်ထူးရရှိသူစုစုပေါင်း ၂၉ ဦးနှင့် အောင်ချက်ရာခိုင်နှုန်း ၂၀.၄၉ ရရှိကြောင်း သိရသည်။
ကရင်ပြည်နယ်အနေဖြင့် ယခင်နှစ်က အောင်ချက်ရာခိုင်နှုန်း ၂၉ ဒသမ ၄၅ ရရှိခဲ့ပြီး ယခုနှစ်တွင် အောင်ချက်ရာခိုင်နှုန်း ၂၇.၆၇ ရရှိသောကြောင်းနှင့် မြဝတီမြို့စာစစ်ဌာနတွင်ဖြေဆိုသော မြန်မာရွှေ့ပြောင်း ကျောင်းသား ၁၃၇ ဦးအနက် ၃၃ ဦးအောင်မြင်ပြီး ဂုဏ်ထူးရရှိသူတစ်ဦးရှိကာ ၂၄ ဒသမ ဝ၉ ရာခိုင်နှုန်း အောင်မြင်ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)