စုကလိ ၂၆ ဇန်နဝါရီ

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ပြည်နယ်အစိုးရအဖွဲဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ လိုက်ပါလျက် ယနေ့ နံနက် ၇ နာရီက စုကလိမြို့သို့ ရောက်ရှိပြီး ဒေသပြည်သူများနှင့်တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

 

3042

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် စုကလိမြို့ စခန်းသစ်ကျေးရွာ ကောလား  ငြိမ်းချမ်းရေးခန်းမတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲသို့တက်ရောက် အမှာစကားပြောကြားခဲ့ကာ ဒေသခံပြည်သူများ၏  ဒေသလိုအပ်ချက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေရရှိရေးကိစ္စရပ်ဆိုင်ရာများကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် စုကလိမြို့သို့ ပြန်လည်ထွက်ခွာလာရာ အမှတ်(၁)ရပ်ကွက် နှစ်ခြမ်းခရိယာန်ဘုရားကျောင်း ခန်းမ၌ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး အမှာစကားပြောကြားကာ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ထောက်ပံ့ငွေများနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုစာရင်းများအား ပေးအပ်ခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။ 

 

3204

 

ယင်းနောက် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေး လုပ်ငန်းလိုအပ်ချက်များအား တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကာ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

အောင်စံထွန်း (ပြန်/ဆက်)