ဘားအံ ၁၃ ဇန်နဝါရီ
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက် ၁၁ နာရီခန့်က ကြာအင်းဆိပ်ကြီး မြို့နယ်၊ ကျိုက်ဒုံမြို့ မိတန်သမဂ္ဂ ဘုန်းတော်ကြီးကျောင်း၌ ကျိုက်ဒုံမြို့ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ကျိုက်ဒုံမြို့ရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး အဘိုး/အဘွားများ၊ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တက်ရောက်လာသော ဒေသခံပြည်သူ များက ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး အစရှိသည့် ဒေသ၏လိုအပ်ချက်များအား တင်ပြဆွေးနွေးရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ကျိုက်ဒုံမြို့ရှိ အသက်(၈၅)နှစ်နှင့် အထက် ဘိုးဘွား (၃၂)ဦးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ် လူမှုရေးပင်စင် ငွေကျပ် ၉၆၀ဝ၀ဝ ၊ ကိုယ်ဝန်ဆောင်မိခင် ၅၉၄ ဦးနှင့် အသက်(၂)နှစ်အောက်ကလေး ၅၉၂ ဦး စုစုပေါင်း ၁၁၈၆ ဦးအတွက် ထောက်ပံ့ငွေ ငွေကျပ် ၅၂၉၃၅၀ဝ၀ စုစုပေါင်း ငွေကျပ် ၅၃၈၉၅၀ဝ၀ ကို ထောက်ပံ့ ပေးအပ်ခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ် အောက်ကလေးများအား အာဟာရနို့မှုန့်နှင့် မုန့်များ လှူဒါန်းပေးအပ်ခဲ့သည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)