ဘားအံ၊  ၂၈   ဇန်နဝါရီ 

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ လက္ခဏကျေးရွာအုပ်စုအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးငယ်များအား ၂၀၂၀-၂၀၂၁ ခုဘဏ္ဍရေးနှစ်ပထမ(၃)ပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ဒီဇင်ဘာ)လအတွက် MCCT ထောက်ပံငွေပေးအပ်ခြင်းကို ဇန်နဝါရီ ၂၇ ရက်နေ့ ညနေပိုင်းက လက္ခဏကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် တက်ရောက်၍ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

ထောက်ပံ့ငွေပေးအပ်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်က အမှာစကားပြောကြားပြီး လက္ခဏ ကျေးရွာအုပ်စုအတွင်းရှိ ကိုယ်ဝန်ဆောင် ၁၂ ဦးနှင့် အသက်(၂)နှစ်အောက် ကလေးငယ်(၆၁)ဦးတို့အတွက် ထောက်ပံ့ငွေ စုစုပေါင်း ငွေကျပ် ၃၀၄၅၀၀၀ ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်သည် ပါရိုဘုန်းတော်ကြီးကျောင်း၌ လှာကမြင်ကျေးရွာအတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်(၁၄၁)ဦးနှင့် အသက်(၂)အောက်ကလေးငယ်(၄၃၀)ဦးအတွက် ထောက်ပံ့ငွေ ၂၄၄၆၅၀၀၀ ကို သွားရောက်ထောက်ပံ့ပေးခဲ့သည်။

 ၂၀၂၀-၂၀၂၁ ခုဘဏ္ဍရေးနှစ် ပထမ(၃)ပတ် အတွက် ဘားအံမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် (၂)နှစ်အောက်ကလေးငယ် စုစုပေါင်း(၁၈၂၁၄)ဦး အတွက် ထောက်ပံ့ငွေ ၇၈၅၂၆၅၀၀၀ ကို ထောက်ပံ့ပေးသွားဖြစ်ပြီး ကရင်ပြည်နယ်တစ်ခုလုံးအတွက် ကိုယ်ဝန်ဆောင် မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ် စုစုပေါင်း(၇၀၅၃၄)ဦးအတွက် ထောက်ပံ့ငွေ ၃၀၄၉၈၁၅၀၀၀ ကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
    
စောမျိုးမင်းသိန်း(ပြန်/ဆက်)