ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ (၉)နှစ်မြောက် တပ်နှစ်ပတ်လည်နေ့ အခမ်းအနားတက်ရောက်

မြဝတီ ၂၀ သြဂုတ်


ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ကရင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာဝင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယနေ့ နံနက် ၉ နာရီက မြဝတီမြို့၊ ရွှေကုက္ကိုလ်ကျေးရွာ၌ ကျင်းပသည့် ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ (၉)နှစ်မြောက် တပ်နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်သည်။


အခမ်းအနားတွင် ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ဒုတိယညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး မျိုးထွဋ်က မိန့်ခွန်းပြောကြားသည်။  


ထို့နောက် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်များ ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့ဥက္ကဋ္ဌ ဂုဏ်ထူးဆောင်(၃) ဗိုလ်မှူးကြီး စောထွန်းလှိုင်ထံမှ ပေးပို့သည့် ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ (၉)နှစ်မြောက် တပ်နှစ်ပတ်လည်နေ့ သဝဏ်လွှာကို ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့ဝင် ဗိုလ်မှူးကျော်ညွန့်က ဖတ်ကြားပြီး ကရင်ပြည်နယ် နယ်ခြားစောင့်တပ်များဗဟို အကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူက အမှာစကား ပြောကြားသည်။


ဆက်လက်ပြီး ရွှေကုက္ကိုလ်မြိုင် အထက်တန်းကျောင်းသား၊ ကျောင်းသူလေးများက တိုင်းရင်းသားအကများဖြင့် ဂုဏ်ပြုကပြဖျော်ဖြေခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်