ဘားအံ ၁၅ ဖေဖော်ဝါရီ
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကြာအင်းကျေးရွာအုပ်စု၊ ဝိုင်းထော်ကျေးရွာတွင် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သော လူထုဗဟိုပြု စီမံကိန်း (ဒုတိယနှစ်စက်ဝန်း) ပြည်သာယာ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၉ နာရီခွဲက အဆိုပါကွန်ကရစ်လမ်းသစ် မုခ်ဦး၌ ကျင်းပသည်။
ရှေးဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အဖွင့်အမှာစကား ပြောကြားပြီး ဝိုင်းထော်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကုဏ္ဍလက ဩဝါဒကထာ မြွက်ကြားကာ ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးထွန်းဇော်ချစ်က အထိမ်းအမှတ်အလံများ ပေးအပ်သည်။

ထို့နောက် ဝိုင်းထော်ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တကုဏ္ဍလ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦးတို့က ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

အဆိုပါ ကွန်ကရစ်လမ်းသစ်ကို စီမံကိန်းစက်ဝန်း ပထမနှစ်တွင် စီမံကိန်းထောက်ပံငွေ ကျပ် ၂၀၈၇၄၁၀ဝ၊ ပြည်သူထည့်ဝင်ငွေ ကျပ် ၃၂၄၅၀ဝ၀ ဖြင့် ထု ၆ လက်မ၊ အကျယ် ၁၄ ပေနှင့် အရှည် ၁၅၀ဝ ပေကိုလည်ကောင်း၊ စီမံကိန်းစက်ဝန်း ဒုတိယနှစ်တွင် စီမံကိန်းထောက်ပံငွေ ကျပ် ၂၆၀ဝ၀ဝ၀ဝ၊ ပြည်သူထည့်ဝင်ငွေ ကျပ် ၅၀၆၀ဝ၀ဝ ဖြင့် ထု ၆ လက်မ၊ အကျယ် ၁၄ ပေရှိ အရှည် ၁၂၃၀ ပေနှင့် ထု ၆ လက်မ၊ အကျယ် ၁၆ ပေရှိ အရှည် ၅၇၀ ပေကိုလည်းကောင်း ထည့်ဝင်ဆောင်ရွက် ပြီးစီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)
