ဘားအံ မေ ၂၇

ကရင်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ပညာရေးနှင့်  အသက်မွေးဝမ်းကျောင်း ပညာလုပ်ငန်းကော်မတီကကြီးမှူး၍ နွေရာသီ ကျောင်းအားလပ်ရက်များတွင် ဖွင့်လှစ်သည့် လူ့စွမ်းအားအရင်းအမြစ်  ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သက်မွေးပညာ ကာလတိုသင်တန်းများ ဆင်းပွဲကို ယနေ့နံနက်ပိုင်းက အစိုးရစက်မှုလက်မှုသိပ္ပံ (ဘားအံ) နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (ဘားအံ) တို့၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး တက်ရောက်၍ သင်တန်းဆင်းအမှာစကားပြောကြားသည်။

အဆိုပါသင်တန်းများမှ  အခြေခံစက်ချုပ် သင်တန်းတွင် အထူးဆုရရှိသူတစ်ဦးအား အပ်ချုပ်စက် တစ်လုံးနှင့်အတူ  သင်တန်းထူးချွန်ပထမ၊  ဒုတိယ၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိကြသူများအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လူမှု ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ၊ သင်တန်းဆင်းလက်မှတ်များ ၊ သင်တန်းနည်းပြများအား  အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းဆင်း  သင်တန်းသား  သင်တန်းသူများ  ကိုယ်တိုင် ဆောင်ရွက်ထားသော လက်ရာများကို  လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ 

စောမျိုးမင်းသိန်း(ပြန်/ဆက်)