ဘားအံ   ၈  မတ်

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယမန်နေ့ နံနက်ပိုင်းက ထုံးအိုင်- မိန်းမလှကျွန်း- ဖအွံ- ဖဲကတာ လမ်းပေါ်ရှိ ဖအွံချောင်းအား ဖြတ်ကျော်တည်ဆောက်ထားသည့် တံတားပြီးစီးမှုနှင့် တံတားချဉ်းကပ်လမ်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ်က တံတားပြီးစီးမှုနှင့် ကျန်ရှိသေးသည့် တံတားချဉ်းကပ်လမ်း ဆောင်ရွက်နေမှု အခြေအနေများကို စစ်ဆေးရာ တာဝန်ယူတည်ဆောက်နေသည့် ကျေးလက်လမ်းဦးစီးဌာနမှ တာဝန်ရှိသူများက ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

အဆိုပါ ဖအွံချောင်းဖြတ်တံတားသည် အရှည် ၃၆၀ ပေ၊ အကျယ် ၇ ဒသမ ၃၄ မီတာရှိ သံကူကွန်ကရစ် တံတားအမျိုးအစားဖြစ်ကာ ဘားအံ-မော်လမြိုင် လမ်းမကြီးသို့ အနီးဆုံးဆက်သွယ်သွားလာနိုင်ပြီး ဒေသထွက်ကုန်များ ရောင်းဝယ်ဖောက်ကားမှု ပိုမိုကောင်းမွန်လာစေမည် တံတားဖြစ်ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)