ဘားအံ နိုဝင်ဘာ ၁

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး သည် ပြည်နယ်တရားလွှတ်တော်တရားသူ ကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ နိုဝင်ဘာလ ၁ ရက် နံနက်ပိုင်းက ဘားအံမြို့နယ်၊ တောင်ကလေးတိုးချဲ့ကွက်သစ်အား မြို့ အင်္ဂါရပ် များနှင့်အညီ စနစ်တကျဖော်ဆောင်နိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်များသည် တောင်ကလေးပရိယတ္တိ၊ ပဋိပတ္တိသာသနာ့အေးရိပ်သာ နာယကချုပ်၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တပညာသာမိ (တောမှီရဟန်း)အရှင်သူမြတ်အား သွားရောက်ဖူးမြော် ကြည်ညို၍ သာသနာရေးဆိုင်ရာ များနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများအား လျှောက်ထားတင်ပြပြီး ငါးပါးသီလခံယူ ဆောက်တည်ကြကာ ပြည်နယ်ဝန်ကြီးချုပ်က တောင်ကလေးဆရာတော်ဘုရားကြီးထံ ဝါဆိုသင်္ကန်း၊ ဆန်၊ ဆီ အစရှိသောလှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကလေးတိုးချဲ့ကွက်သစ်ရှိ မဟော် သဓာပညာရေးကျောင်းဆောင် တည်ဆောက်ရေးလုပ်ငန်းခွင်၌ ယာယီသီတင်းသုံး နေထိုင်တော်မူသော ဇွဲကပင်တောင်ဆရာတော် ဘဒ္ဒန္တကဝိဓဇအား သွားရောက်ဖူးမြော် ကြည်ညို၍  လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြ သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ တောင်ကလေးတိုးချဲ့ ကွက်သစ်၌  စံဖနုံ၊ ကော့ဝီးလာ၊ ကော့သဖလဲ ကျေးရွာဈေး(တောင်ဝိုင်းဈေး)၊ ဘောလုံးကွင်း၊ ယာဉ်ရပ်နား စခန်း၊ ပန်းခြံ တည်ဆောက်မည့်မြေနေရာများကို သွားရောက်ကြည့်ရှုစစ် ဆေးပြီး လိုအပ်သည်များမှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကလေးတိုးချဲ့ကွက်သစ်အတွင်း မြေသားလမ်းဖော်ခြင်းနှင့် ရေမြောင်းတူးခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်