သာယာဝတီ ၂၆ အောက်တိုဘာ
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသား ရေးရာဝန်ကြီးနှင့် သာယာဝတီမြို့နယ် ကုန်းမီးနင်း ကေျးရွာ ဒေသခံများနှင့် တွေ့ဆုံပွဲကို အောက်တိုဘာလ ၂၆ ရက် နံနက် ၉ နာရီက ခရစ္စယာန်ဘုရားကျောင်း၌ ပြုလုပ်သည်။
တွေ့ဆုံပွဲတွင် သာယာဝတီမြို့နယ် တိုင်းဒေသကြီး ကိုယ်စားလှယ်(၁)ဒေါ်မူမူခင်က အဖွင့်အမှာစကား ပြောကြားပြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးက မိတ်ဆက်စကား ပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာသော ကျေးရွာအသီးသီးမှ ကရင်တိုင်းရင်းသားများက ကျေးရွာလိုအပ်ချက်များဖြစ်သော စိုက်ပျိုးရေး လမ်းတံတား လျှပ်စစ်မီးလင်းရေးကိစ္စရပ်များအား တင်ပြကြရာ ဝန်ကြီးနှင့်လွှတ်တော် ကိုယ်စားလှယ်က ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ နေ့လည်ပိုင်းတွင် ဝန်ကြီးနှင့်အဖွဲ့သည် တောင်ပို့ရှည်ကျေးရွာရှိ ကရင်တိုင်းရင်းသားများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့သည်။
တွေ့ဆုံပွဲသို့ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထိန်လင်းထွန်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ကျေးရွာ အုပ်ချုပ်ရေးမှူးများ ဆရာ/ ဆရာမများ ကျောင်းသား/ ကျောင်းသူများ ကျေးရွာပြည်သူများ တက်ရောက်ကြေကြာင်း သိရသည်။
သန့်ဇော်(ပြန်/ဆက်)


