ကရသူရိ ၃ စက်တင်ဘာ
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် ကရသူရိမြို့ အမှတ်(၅၅၅) ခြေမြန်တပ်ရင်း၊ အရာရှိရိပ်သာ(အဟောင်း)ဆောင်၌ တိုင်းဒေသကြီး၊ တီဘီရောဂါတိုက်ဖျက်ရေး ဆရာဝန်ကြီးများအဖွဲ့သည် စက်တင်ဘာ ၆ ရက်နှင့် ၇ ရက်များတွင် နံနက်(၉)နာရီမှ ညနေ (၄)နာရီ အချိန်ထိ ဒေသခံပြည်သူများကို အခမဲ့ကျန်းမာရေးစစ်ဆေးကုသပေးမည်ဖြစ်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ကျန်းမာရေးစစ်ဆေးကုသပေးခြင်းကို တိုင်းဒေသကြီး၊ တီဘီရောဂါတိုက်ဖျက်ရေး ဆရာဝန်ကြီးများအဖွဲ့နှင့် မြို့ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများက ပူးပေါင်းပါဝင်မည်ဖြစ်ပြီး ရင်ဘတ်ဓာတ်မှန်ရိုက်စစ်ဆေးခြင်း၊ ဆီချိုရောဂါစစ်ဆေးခြင်းနှင့် သလိပ်စစ်ဆေးခြင်းတို့ကို စနစ်တကျ အခမဲ့စစ်ဆေးကုသပေးမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဒေသခံမိဘပြည်သူများအနေဖြင့် ကျန်းမာရေး စစ်ဆေးမှုခံယူနိုင်ရန်အတွက် အခမဲ့လာရောက်ကျန်းမာရေးစစ်ဆေးခံနိုင်ကြောင်းသိရသည်။
စိုးဝင်း(ပြန်/ဆက်)


